Friday, June 9, 2017
ကျောက်တည်ရောဂါအတွက် ဆေးကောင်းတစ်လက်
ဒီဆေးနည်းကတော့ အင်မတန်ရိုးရှင်းလွယ်ပြီး တကယ်ထိရောက်စေမည့် သဘာဝဆေးနည်းကောင်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်တွေ့ပျောက်ကင်းခဲ့တဲ့ ကိုရန်နိုင်စိုးမှ အများသိအောင် ပြန်လည်ရေးသား မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံမှာ အာထရာဆောင်းရိုက်ပြီး သည်းခြေမှာ ကျောက်တည်နေသည့်အတွက် မခွဲစိပ်ခင်မှာ ဆေးအမျိုးမျိုးနဲ့ ကုကြည့်တယ်။ မပျောက်ဘူး။ ကျောက်တည်ပျောက်ဆေးနည်းများကို စမ်းကြည့်တယ်။ မပျောက်ပြန်ဘူး။ လက်မလျှော့ပဲ နောက်ထပ်ကြိုးစားကြည့်ရာ နောက်ဆုံး ဒီနည်းနဲ့ သည်းခြေမှကျောက်ဟာ လုံးဝပျောက်သွားလို့ ခွဲစိပ်စရာမလိုတော့ပဲ အကောင်းပကတိအတိုင်း ပြန်ဖြစ်လာပါတယ်။
ဆေးနည်းကတော့ အခက်ကြီးမဟုတ်ပဲ အရမ်းကို လွယ်ကူ သက်သာလှပါတယ်။ စောင်းလျားသီးနဲ့ ငါးပြေမကို အတူတူရောပြီး ချက်စားတာပါပဲ။ ဘယ်လောက်ထည့်ရမယ်ဆိုတဲ့ အတိုင်းအသာတော့ မပါပေမယ့် ဟင်းချက်သလိုပဲ ချက်စားနိုင်ပါတယ်။ စောင်းလျားသီးကိုတော့ အချဉ်ကို ရွေးပေးရမှာဖြစ်ပါတယ်။
၎င်းဆေးနည်းကို ပထမတစ်ခါ ချက်စားပြီးကတည်းက သည်းခြေမှကျောက်ဟာ သိသိသာသာ သက်သာလာပါတယ်။ ၄ ခါလောက် ချက်စားပြီး ဓါတ်မှန်သွားရိုက်ကြည့်ရာမှာတော့ ကျောက်လုံးဝမရှိတော့ပါဘူး။ ခွဲစိပ်စရာလည်း မလိုတော့ပဲ အံ့သြစရာကောင်းအောင် ပျောက်သွားပါတော့တယ်။
ဒါ့ကြောင့် ကိုရန်နိုင်စိုးလိုပဲ သည်းခြေမှာကျောက်တည်ပြီး ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးသူများ၊ ခွဲစိပ်ရန် အခက်အခဲရှိသူများအနေနဲ့ ဒီသဘာဝဆေးနည်းနဲ့ ကုသနိုင်ကြစေရန် ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။ သည်းခြေအပြင် ဆီးကျောက်တည်ရောဂါအတွက်လည်း ပျောက်ကင်းတယ်လို့ သိရပါတယ်။ ပါဝင်တဲ့ပစ္စည်းများကလည်း မိမိတို့ စားသုံးနေကျ အစားအစာဖြစ်လို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။
ကဲ မိတ်ဆွေတို့လည်း အနာနဲ့ဆေးတည့်ပြီး ရောဂါဝေဒနာများ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေနော်။
Credit :စောနွဲ့ နေအိုင်(ပူတာအို)
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment