သမ္မတဟောင်းရဲ့သမီးဆိုတော့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ ဓနကြွယ် လူတန်းစားကြားမှာ ရှင်သန်နေထိုင်မယ်လို့ မှန်းကြမှာ အပြစ်မဆိုသာပါဘူး။ ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ သမ္မတဟောင်းရဲ့ သမီးဖြစ်ပြန်တော့ ပိုတောင် ထင်ကြသေးတာပေါ့။
ဒါပေမယ့် နောက်ဆုံးမှာတော့ သမ္မတဟောင်းရဲ့ သမီးဖြစ်တဲ့ Sasha Obama ဟာ စားသောက်ဆိုင် တစ်ဆိုင်မှာ ဝယ်သူတွေရဲ့ အေkာ်ဒါကောက်ခံနေတာကို လူတွေ တွေ့ခဲ့ကြတာပါပဲ။ သမ္မတဟောင်းရဲ့ သမီးလို့ ထင်ရက်စရာမရှိပဲ သာမန်လူတစ်ယောက်လိုပါပဲ။
သူမဟာ နွေရာသီကျောင်းပိတ်ရက်အတွင်း Massachusetts က Nancy Restaurant မှာ အချိန်ပိုင်း အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ အော်ဒါတွေ ကောက်ခံတဲ့ Cashier ဖြစ်ပြီး တစ်နာရီကို USD 15 ကျပ်လောက် ရတဲ့ အလုပ်ပေါ့။
President ဟောင်း Obama နဲ့ ဇနီးသည် Michelle တို့ဟာ သားသမီးတွေကို လူသာမန်တွေလို ဘဝကို ရင်ဆိုင်စေချင်တဲ့ နေရာမှာ နာမည်ကြီးတာမလို့ Sasha ဟာ သမ္မတဟောင်း သမီးဖြစ်ပေမယ့် ဒီလို အလုပ်လုပ်နေရတာပါပဲတဲ့။
No comments:
Post a Comment