ရာသီလာတဲ့ရက်မှာ တူတူနေလို့ ရတယ်ဆိုပေမယ့် လုံးဝမနေသင့်ပါဘူး။ ဘာလို့ လည်းဆိုတော့ ရာသီလာနေတဲ့ရက်မှာ မိန်းမကိုယ်တစ်လျှောက်နှင့်
မွေးလမ်းကြောင်း ၊မွေးလမ်းဝတို့ ဟာ ပွင့်နေတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ရာသီသွေးဆင်းနေခြင်းကြောင့် ရောဂါပိုးတွေရှိလာခဲ့ရင် သူတို့ အတွက်အစားအစာနှင့်
ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးထားသလို ဖြစ်နေလို့  ရောဂါပိုးများ ပို၍
ရှင်သန်နိုင်ပါတယ်။ တကယ်လို့ ယောက်ျားလေးမှာ ကူးစက်တတ်တဲ့ ကာလသား ရောဂါပိုးရှိနေရင် မွေးလမ်းကြောင်းမှ တစ်ဆင့်သားအိမ်၊ သားဥပြွန်တို့ကို
ရောက်ရှိသွားပြီး ရောဂါရတတ်ပါတယ်။ နောက်ဆုံးစနစ်တကျ ဆေးမကုရင် ကလေးမရနိုင်တော့သည်အထိ ဖြစ်နိုင်ပါတယ်။ အရေးကြီးဆုံးကတော့ HIV/AIDS ရောဂါပိုးက ပမာဏအများဆုံးနဲ့ အလွယ်တကူ ဝင်ရောက်သွားနိုင်တာပါဘဲ။
ယောက်ျားလေးများအတွက်ကလည်း ဒီလိုပါဘဲ ရာသီလာနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆက်ဆံမယ်ဆိုရင် တကယ်လို့ အဲဒီမိန်းကလေးမှာ HIV/AIDS ရောဂါပိုးရှိခဲ့ရင် ရာသီသွေးထဲမှာ အများဆုံးပါဝင်တဲ့အတွက် ကူးစက်ခံရဖို့ 
အခွင့်အရေး အလွန်ကိုများပါတယ်။
ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်း လိင်ဆက်ဆံလို့ ရပါသလား။
ကိုယ်ဝန်ဆောင်စဉ်မှာ ဘာပြသနာမှမရှိဘူးဆိုရင် လိင်ဆက်ဆံနိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတော့ ရှောင်ရပါမယ်။ ကိုယ်ဝန်ဆောင် ကာလမှာ လိင်မဆက်ဆံသင့်တဲ့ အခြေအနေတွေ ရှိပါတယ်။
- ကိုယ်ဝန်ပျက်ကျခဲ့ဖူးရင်။
- လမစေ့ဘဲကလေးမွေးဖူးရင် (ကိုယ်ဝန်၃၇ပတ်မရခင်မွေးဖူးရင်)။
- အခုကိုယ်ဝန်မှာ မိန်းမကိုယ်မှသွေးဆင်းခြင်း၊ရေမွှာပေါက်သွားခြင်းမျိုးဖြစ်လျှင်။
- အချင်းက သားအိမ်ရှေ့ရောက်နေလျှင်။
- သားအိမ်ခေါင်း အချိန်မတိုင်ဘဲပွင့်နေလျှင်။
- ကိုယ်ဝန်က အမွှာဖြစ်ခဲ့လျှင် လိင်မဆက်ဆံသင့်ပါဘူး။
သားဖွားမီးယပ်ဆရာဝန် တော်တော်များများက ကိုယ်ဝန်ရှိစဉ် ပထမ၃လမှာ လိင်ကိစ္စရှောင်ခိုင်းပြီး ကလေးမွေးခါနီး ၁လမှ ၃လအထိ ကိုလည်းရှောင်ခိုင်းတတ်ပါတယ်
Credit:မျိုးဆက်ပွားကျန်းမာရေးအမေးအဖြေစာအုပ်
No comments:
Post a Comment