Wednesday, May 24, 2017

နှလုံးအားနည်းအတွက် ဆေးနည်း


နှလုံးအားနည်းတဲ့ရောဂါကြောင့် အိပ်မပျော်ခြင်း၊ မောပမ်းလွယ်ခြင်း၊ အပူဒဏ်မခံနိုင်ခြင်း၊ သွေးအတက်အကျ မမှန်ခြင်း စသည်တို့ ဖြစ်တတ်ကြပါတယ်။

၎င်းရောဂါများအတွက် မြန်မာ့ဆေးနည်းစစ်တစ်ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) ကံ့ကော်ပန်းဝစ္ဆံအမှုန့်ကို ပရဆေးဆိုင်များမှာ မေးဝယ်ပါ။ ပြည်ပရောက်မြန်မာများကတော့ အင်္ဂလိပ်လို Mesua ferrea Powder လို့ မေးဝယ်နိုင်ပါတယ်။

(၂) ၄င်းအမှုန့်ကို ပျားရည်နဲ့ သမအောင်ရောတေထားပြီး လေလုံတဲ့ အ၀ကျယ်ပုလင်းနဲ့ ထည့်ထားပါ။

(၃) မနက်၊ ည ဟင်းစားဇွန်း တစ်ဇွန်းခန့် သောက်ပါ။

(၄) ကံ့ကော်ဝစ္ဆံကို နွာနို့၊ ဆိတ်နို့ တစ်မျိုးမျိုးနဲ့ ကျိုချက်ပြီး သောက်ပါ။ အတူရောမကျိုလည်း ဒီအတိုင်း သောက်နိုင်ပါတယ်။

ကံ့ကော်ဝစ္ဆံဟာ ဆေးဖက်ဝင်တဲ့ အသီးအနှုံတစ်ခုဖြစ်ပါတယ်။
နှလုံးအားကောင်းလာပြီး နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။ အမောခံနိုင်လာမယ်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင်- ပူတာအို

Credit: Saw Noi Nay Saing

No comments:

Post a Comment