Sunday, May 21, 2017
ဝမ်းဗိုက်က အဆီတွေကို ဖယ်ရှားပေးပြီး အူသန့်စေမဲ့ သင်္ဘောသီးနဲ့ ကွေကာအုတ် ဖျော်ရည်
ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကို ကောင်းမွန်စဖို့ ဒီဖျော်ရည်က ၁၀၀ % အဟာရဓါတ်တွေ ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် တခြားပါဝင်ပစ္စည်းတွေလည်း ဖြည့်တင်းထားတာမို့ ကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ ဒီဖျော်ရည်ဟာ ၀မ်းဗိုက်က အဆီတွေကိုလည်း ဖယ်ရှားပေးမှာပါ။
သင်္ဘောသီးမှာကော ကွေကာအုတ်မှာပါ အဟာရဓါတ်တွေ ပါဝင်လို့ ခန္တာကိုယ်အတွက် များစွာအကျိုးထူးစေပါတယ်။ သွေးတွင်ကိုလက်စထရောကိုလည်းကျစေပြီး အမျှင်ဓါတ်တွေလည်း အများအပြားထုတ်လုပ်ပေးလို့ ၀မ်းမှန်စေပါတယ်။
ပါဝင်ပစ္စည်း
ကွေကာအုတ်မှုန့် ခွက် ၁/၂
သင်္ဘောသီး အတုံးလေးလှီးပြီးသား ခွက် ၃/၎
ဗာဒံစေ့နဲ့လုပ်ထားတဲ့နို့ (သို့) အဆီထုတ်ပြီးသား နွားနို့ ၁/၂ ခွက်
သစ်ကြံပိုးခေါက် စားပွဲတင်ဇွန်း ၁/၎
ပြုလုပ်နည်း
သင်္ဘောသီးနဲ့ ကွေကာအုတ်ကို သစ်ကြံပိုးခေါက် နို့တို့နဲ့ရောပြီး Blender (ဖျော်စက်) ထဲထည့်ပါ။ ပြီးရင် သေချာရောသွားတဲ့ထိ ၁၅ စက္ကန့်လောက် မွေပေးပါ။ ပြီးရင် ခွက်တစ်လုံးထဲထည့်ပြီး ရေခဲထည့်ပါ။
ဒီဖျော်ရည်ဟာ စိုးရိမ်သောက တွေကို လျှော့ကျစေပြီး ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ ဒါ့ကြောင့်လည်း မနက်ခင် အစာမစားခင် (သို့) ညအိပ်ယာမ၀င်ခင် သောက်ပေးတာ ပိုကောင်းပါတယ်
Credit :Org(Fb)
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment