Tuesday, May 9, 2017

၁၅ မိနစ်အတွင်း အသားအရည်ဖြူဝင်းစေမည့် ကြက်ဥအကာနှင့် သကြား


ကြက်ဥအကာနဲ့ သကြား fase mask 💆

 ဒီ face mask လေးက အချိန်ခဏလေးအတွင်းမှာ တကယ်သိသာတယ်နော်... မျက်နှာကို ချက်ချင်းကို ဝင်းပြီးဖြူလာစေတယ်... တကယ်....

- ကြက်ဥတစ်လုံး (အကာရည်​) အနှစ်​ကိုပါထည့်​လို့ရပါတယ်​။ ညှိမှာစိုးရင်​ မထည့်​ပါနဲ့
- သကြား ထမင်းစားဇွန် ၁ ဇွန်း
          သူတို့နှစ်ခုကို ရောပြီးတော့ ခေါက်တံနဲ့ ခေါက်ပေါ့နော်... လက်ညောင်းမှာဆိုရင် လျှပ်စစ်ခေါက်တံလေးတွေ ရှိတယ်လေ သူနဲ့ခေါက်...  အမြုတ်ပုံစံလေး ဖြစ်လာပြီးဆိုရင် ရပ်လိုက်တော့
          မျက်နှာကို အရင်သစ်ပြီးတော့မှာ မျက်နှာပေါ်ကို လက်လေးနဲ့ သေချာလေး ဖြန့်​ပေး ပြီးရင် ၁၅ မိနစ်လောက် ထားလိုက်... နှုတ်ခမ်းပေါ်လဲ လုပ်လို့ရတယ်နော်... ပြီးရင်မြုတ်တွေကို ဖြေးဖြေးလေး ရေနဲ့ဆေးချလိုက် ဆပ်ပြာမသုံးနဲ့ ရိုးရိုးရေနဲ့ပဲ​နော်​..
           မျက်နှာလေးက ယားယံမဲ​နေတာမျိုးတွေ ဘာတွေ မရှိတော့ပဲ ဝင်းပြီး ဖြူလာတာကို တွေ့လိမ့်မယ်...
           ဘာမှ မလိမ်းပဲထားလဲ ရတယ်နော်... ဒီ mask လေးက တစ်ကယ်ကောင်းပြီးတော့ ထိရောက်တာမို့ နောက်တစ်ကြိမ် ဖြိုးနဲ့ရှိုးက လာပြောပြတာပါနော်...
           အခုပဲ စမ်းကြည့်လိုက်တော့ အချိန်က mask လုပ်တဲ့အချိန်ရော မျက်နှာမှာ တင်ထားတဲ့ အချိန်ရော အားလုံးပေါင်းမှ တစ်နာရီတောင်မရှိဘူးနော်... အချိန်သိပ်မကုန်တဲ့အပြင် ထိရောက်တယ်နော်....

သတိ - အချို့​တွေက ဝက်​ခြံထွက်​တယ်​​ပြောကြပါတယ်​. တကယ်​​တော့ သကြားအရမ်းများရင်​ အဆီပြင်​နဲ့ ဝက်​ခြံဖြစ်​နိုင်​ပါတယ်​။ ကိုယ်​ကအရင်​ထဲက ဝက်​ခြံထွက်​တက်​ရင်​ သကြား​လျော့သုံး​ပေးဖို့ မ​မေ့နဲ့​နော်
တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ လုပ်နော်
 Credit-Org

No comments:

Post a Comment