Sunday, May 7, 2017
ဘာလို့ State ကျောင်းက ဘော်ဒါတွေက ဘဝမှာ အကောင်းဆုံးလူတွေ ဖြစ်တာလဲ?
👇👇
1. သူတို့တွေဟာ နှစ်တွေ ဘယ်လောက်ပဲ ကြာပါစေ မပြောင်းလဲတဲ့ သူတွေပါ။ သူတို့တွေဟာ ဘယ်လောက်ပဲ နှစ်တွေ ကြာပါစေ ငယ်ငယ်တုန်းကလိုမျိုး ရူးကြောင်ကြောင် ပေါတောတော သူငယ်ချင်းတွေပါ။
2. သူတို့နဲ့ ရှိခဲ့တဲ့ အဆိုးဆုံးအချိန်တွေကိုတောင် ဘယ်အချိန်မဆို မှတ်မိပြီး အမှတ်ရနေတတ်ပါတယ်။ သင်သူတို နဲ့မိုင်တွေ အများကြီး ဝေးကွာနေရင်တောင်မှာ ဒီအမှတ်ရစရာတွေက သင့်ကို သူတို့ဆီ ပြန်လှည် ဆွဲခေါ်သွားစေနိုင်ပါတယ်။
3. သင်သူတို့နဲ့ တူတူရှိနေတဲ့ အချိန်တွေဟာ အရမ်းကို သဘာဝကျလှပါတယ်။ ဟန်ဆောင်မှု ကင်းမဲ့ချိန်မှာ အတူရှိခဲ့ပြီး စကားဝိုင်းမှာလဲ ရယ်သံတွေလွှမ်းမိုးလို့ အရမ်းကို တန်းဖိုးရှိပြီး ပျော်စရာအကောင်းဆုံး အချိန်ပါ။
4. သူတို့တွေဟာ သင့်ရဲ့ အချစ်ဦးအကြောင်းနဲ့ သင်ရဲ့ ပထမဆုံး အသည်းကွဲတုန်းက သက်သေတွေပေါ့နော်။ သူတို့က သင့်ရဲ့ roller coaster လို ခံစားချက်တွေကို ရီခဲ့တဲ့ ခွီခဲ့တဲ့ နားထောင်ပေးခဲ့တဲ့ အဓိက ပရိသတ်တွေပေါ့။
5. သူတို့ဟာ သင်ဘာပဲ အကူအညီတောင်းတောင် ဇီဇာ မကြောင်ပဲ လိုက်လုပ်ပေးတတ်ပါတယ်။ ပွစိပွစိလေးတော့ လုပ်တာပေါ့လေ။ သူတို့က သင့်ကို ထိခိုက်စေတဲ့ အရာတွေကိုတော့ ကူညီတဲ့သူတွေ မဟုတ်တာတော့ သေချာပါတယ်။
6. သင်ဟာ သူတို့နဲ့ရှိတဲ့အချိန်ဆို သင်ဟာ သင်ဟာ ဟန်ဆောင်မှုကင်းတဲ့ လူတစ်ယောက်ဆိုတာကို သူတို့က အပြည့်အဝ ယုံကြည်ကြပါတယ်။
7. သင်ဟာ အချစ်မှာ ရူးရူးမူးမူး နှစ်ဝင်နေတဲ့အချိန်မှာဆို သူတို့ သင့်ကို သင့်အပေါ်မြင်တဲ့သူတို့ရဲ့အမြင် သူတို့ရဲ့ ဆုံးဖြတ်ချက်ဆွေကို သင့်ကို ကပ်ကပ်လန်အောင် ရန်တွေ့နေသလို ပြောပါလိမ့်မယ်။
8. သူတို့ရဲ့ ပခုံးဟာ သင့်အတွက် ငိုလို့ကောင်းဆုံး နေရာပါ။ ပြီးတော့ သင့်ရဲ့ မဆုံးနိုင်တဲ့ Drama ဇာတ်လမ်းတွေကို နားထောင်ပေးတဲ့ သူတွေပါ။
9. သူတို့ဟာ တကယ် ဉာဏ်ကြီးရှင်တွေပါ။ သူတို့ဟာ သင်ရဲ့ အရှေ့မှာဆို သင့်ကို မကောင်းတဲ့အချက်တွေ ပြောလေ့ရှိပေမယ့် တခြားသူတွေ ရှေ့ရောက်ရင်တော့ သင်ရဲ့ ကောင်းကြောင်းကို သူများတွေ အမြင်ကပ်လောက်အောင် ပြောတတ်တဲ့ သူတွေပါ။
10. ပြီးတော့ သူတို့ဟာ သင့်အတွက်ဆို တုတ်ပဲဆွဲရဆွဲရ ဆံပင်ပဲဆွဲရဆွဲရ ရန်ဖြစ်ပေးမယ့်သူတွေပါ။ သင့်ကိုလာပြီး ပြသာနာရှာတာပဲဖြစ်ပါစေ သင်က ရှာခဲ့တာပဲ ဖြစ်ပါစေ သူတို့တော့ သင်အတွက် ရန်ဖြစ်ပေးဖို့ အသင့်ပါ။
အဲ့လို BFFမျိုး ပိုင်ဆိုင်နေတုန်း ဆိုရင် သင်ဂုဏ်ယူလိုက်ပါ
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment