Thursday, June 15, 2017

မျက်စိအမြင်အာရုံ အားကောင်းစေမည့် သဘာဝဆေးနည်း


ဒီသဘာဝဆေးနည်းကတော့ ရုရှားနိုင်ငံမှ ဆရာဝန်တစ်ဦးရဲ့ ဆေးနည်းဖြစ်ပါတယ်။ လုပ်ရတာလည်း လွယ်ကူသလို အကျိုးထိရောက်မှုကလည်း တကယ်ရှိတာကြောင့် လူကြိုက်များလာတဲ့ သဘာဝနည်းဖြစ်ပါတယ်။

ပါဝင်သည့်ပစ္စည်းများ

(၁) ရှားစောင်းလက်ပတ်ထဲမှဂျယ်လီ ၁၀၀ ဂရမ်
(၂) သံပုယိုသီး ၃ လုံး
(၃) သစ်ကြားသီးအမှုန့် ၅၀၀ ဂရမ်
(၄) ပျားရည် ၃၀၀ ဂရမ်

ဆေးဖော်နည်း

ပါဝင်တဲ့ပစ္စည်း(၄)မျိုးစလုံးကို ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် အ၀ကျယ်တဲ့ ပုလင်းထဲ ထည့်ထားပါ။ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားရင်လည်း ရပါတယ်။ တစ်ခါဖျော်ရင် ၁၀ ရက်အတွင်း ကုန်အောင် သောက်ရပါမယ်။

ဆေးသောက်နည်း

အစာမစားမီ နာရီဝက်ခန့်အလို ဒီဆေးကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ တစ်နေ့(၃)ကြိမ် သောက်ပါ။

ဒီဆေးနည်းမှာ ဗီတာမင်ဓါတ်တွေအပြင် အာဟာရဓါတ်တွေလည်း ပါဝင်ထားတဲ့အတွက် အမြင်အာရုံကြောတွေကို အားကောင်းလာစေသလို ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။

သောက်သုံးရန်မသင့်သူများ

ဒီဆေးနည်းကို ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ တီဘီ၊ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ လိပ်ခေါင်းရောဂါရှိသူများနဲ့ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရန် မသင့်ပါ။

အခုဆိုရင် ခေတ်ရဲ့ တိုးတက်ပြောင်းလာမှုများအရ လူတော်တော်များများဟာ လက်ကိုင်ဖုန်းတစ်လုံးနဲ့ နေ့၊ ညမရွေး အွန်လိုင်းသုံးနေကြပြီဖြစ်တဲ့အတွက် မျက်စိအမြင်အာရုံ အားကောင်းလာစေမယ့် ဒီဆေးနည်းဟာ တကယ်ပဲ လိုအပ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လူသားအားလုံး ရောဂါကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကျမ်းကိုး - Natural remedies for better eyesight

စောနွဲ့ နေဆိုင်- ပူတာအို
Credit
မှတ်​စု page

No comments:

Post a Comment