Tuesday, July 4, 2017

မျက်စေ့ ရေတိမ် ကို (ကွမ်းရွက်ကုထုံးဖြင့်ကုသ)



     ရေတိမ်ဖြစ်လျှ င် မျက်အောင့်
ခြင်း။တခုခုစူးစိုက်ကြည့်ခြင်း။စာဖတ်
ခြင်းပြုလုပ်လျှ င် တခဏတွင်းမူးဝေ
လာသည်။

      ယခုခေတ်တွင် အချိန်တိုအတွင်း
အခမဲ့ခွဲစိတ်ပေးနေပီဖြစ်သော်လည်း
တယူသန်စိတ်ဖြင့်မခွဲလိုသူများနှင့်
တိမ်မြုတ်ပျောက်ကွယ်သွားခြင်းမရှိ
စေရန်ရည်ရွယ်ပါသည်။

     ယခင်က မျက်စေ့ပူ။ကိုက်   လျှင်
ကွမ်းရွက်ကပ်ပေးရန် တင်ပြခဲ့ပါသည်
ယခုအစွမ်းထက်ပုံ ထပ်မံတင်ပြခြင်းပါ

      ဤကုထုံးကိုရွှေဘုံလမ်းနေ သမား
တော်ကြီး ဦးဥာဏ်လွင်မှ ပြန်လည်အ
သက်သွင်းပေးခြင်းဖြစ်ပါသည်။

     ၃၀  ၇   ၂၀၀၂   ပေါ်ပြူလာဂျာ
နယ်တွင် ဦးစိုးသင်းကရေတိမ်ကို
ကွမ်းရွက်ကုထုံးဖြင့်ပျောက်ကင်းခဲ့
ကြောင်းရေးသားခဲ့သည်။

     ၂၀၀၀ ခုနှစ်ခန့် ကနက္ခတ္တရောင်
ခြည်မှာ လူတဦးဟာ ဆရာဝန်က ရင့်
နေပြီဖြစ်၍ ခွဲစိတ်မှ ရတော့မည်
ဖြစ်ကြောင်းပြောခဲ့ရာ။မခွဲလို၍ကွမ်း
ရွက်ကုထုံးဖြင့်ကုသရာ(၈)လအကြာ
လုံးဝပျောက်ကင်းသွားကြောင်းဖေါ်
ပြခဲ့ပါသည်။

     တောင်ကြီးမှ သွားဆရာဝန်
ဒေါက်တာအောင်ကျော်က ကျောင်း
သားတဦးမှာမျက်မှန်ထူလွန်းရာအင်
တာဗျူး မအောင်မှာစိုး၍ ထိုနည်း
ဖြင့်ကုသပေးရာအောင်မြင်ကြောင်း
ပြောကြားခဲ့ပါသည်။

     တပ်ကြပ်မောင်ထူး  ( ဗိုလ်မှူး
ဟောင်း)က မဂ္ဂဇင်းတခုမှာ ဤနည်း
သည်မဖြစ်နိုင်ကြောင်းဝေဘန်ရေး
သားခဲ့သူဖြစ်ပြီး သူကိုယ်တိုင်ရောဂါ
ဖြစ်လာသောအခါ ကွမ်းရွက်ကုထုံး
ဖြင့်ကုသရာပျောက်ကင်းခဲ့ပါသည်။

        ကွမ်းရွက် ဖြင့် ကုသ ပုံ

     ကွမ်းရွက်ယူပါ။မတ်စေ့ခန့် ညီညီ
ညာညာ အဝိုင်းလေးလုပ်။ နှစ်ခေါင်း
နှင့်မျက်စေ့ကြားဒေါင့်မှာကပ်ထားပါ
           ရုပ်မပျက်ပါ။စာကြည့်လို့ပင်
ရသည်။ရောဂါရင့်လျှင် နေ့/ည  ကပ်
ပါ။ အနည်းဆုံး ည ဘက် မပျက်မ
ကွက်ကပ်ပါ။
           စိတ်တော့ရှည်ရပါမည်   ။
တဖြည်းဖြည်းသက်သာလာပါမည်။
(ဆရာကြီးသာဂဒိုး စာအုပ်မှ ကိုးကား)

        (မျက်စေ့ အတွင်းဒေါင့်တွင်
မျက်ရည်ထွက်ပေါက်ရှိ၍  ၄င်းအပေါက်
လုံလျှင် ရပါပြီ )

Credit..

No comments:

Post a Comment