Friday, May 26, 2017
အံ့သြဖွယ်ရာ ကြက်သွန်ဖြူ အကျိုး ၇ မျိုး
၁. သွေးသန့်စင်ခြင်း
ဝက်ခြံပေါက်လို့ စိတ်ညစ်နေရပါသလား။ ခန္ဓာကိုယ်အတွင်း သွေးတွေကို သန့်စင်ခြင်းဖြင့် ဝက်ခြံတွေကို အမြစ်ပြတ်ချေမှုန်းဖို့ အချိန်ကျရောက်လာပါပြီ။ မနက်တိုင်း ကြက်သွန်ဖြူ ၂ မြွာလောက်ကို ရေနွေးနှင့်နေ့စဉ်ပုံမှန်စား ပါ။ ပြီးတော့ တနေ့တာလုံး ရေများများသောက်ပါ။ ကိုယ်အလေးချိန်လျှောချချင်ရင်တော့ ရေနွေးခွက်ထဲကို လီမွန်တစ်ခြမ်း ညှစ်ထည့်ပြီး မနက်တိုင်းကြက်သွန်ဖြူ ၂ မြွှာစားခြင်းဖြင့် ခန္ဓာကိုယ်ထဲသွေးများ သန့်စင်သွားကာ အဆိပ်ဓါတ်တွေကို ဖယ်ရှားပေးပါတယ်။
၂ . အအေးမိနှာစေးခြင်းနှင့် တုပ်ကွေး
ကြက်သွန်ဖြူဟာ နှာတာရှည်အအေးမိနှာစေးခြင်းနှင့်တုပ်ကွေးများကို ပျောက်ကင်း သက်သာစေပါတယ်။ တစ်နေ့ ကြက်သွန်ဖြူ ၂ - ၃ မြွှာ ဒါမှမဟုတ် ကြက်သွန်ဖြူလက္ဖရည်ကို ပျားရည် ဒါမှမဟုတ် ဂျင်းရည် ရောစပ်ပြီး သောက်ပါက အအေးမိနှာစေးရောဂါနှင့် ခဏခဏဖြစ်နေတဲ့ ဧည့်ရောဂါတွေကိုလည်း တားဆီးပေးပါ တယ်။ အသားဟင်းချက်ပြုတ်တဲ့အခါ အသားဟင်းကရောဂါဖြစ်စေတတ်တာမို့ ကြက်သွန်ဖြူထည့်ကာ ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ထည့်သုံးစားသောက်တာလို့ ဒေါက်တာ Shikha Sharma က ပြောပြပါတယ်။
၃. နှလုံးရောဂါကို ကာကွယ်ပေးခြင်း
ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်အိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးတဲ့ Allicin ဓါတ်ပါဝင်တာမို့ ကြက်သွန်ဖြူစားပါက ကိုလက်စထရောဓါတ်ကို လျှော့ကျစေပါတယ်။ ဒါအပြင် သွေးပေါင်နှင့် သွေးထဲရှိသကြားဓါတ်ပါဝင်မှုကိုလည်း ထိန်းညှိပေးပါတယ်။ ကြက်သွန်ဖြူကို ကျက်အောင်ချက်ပြုတ်လိုက်ရင် ဆေးစွမ်းသတ္တိတွေပျက်ပြယ်သွားတာကြောင့် အစီမ်း ဒါမှမဟုတ် မကျက်တကျက် ချက်ပြုတ်စားသောက်ပါက အထူးအာနိသင်ရှိစေပါတယ်။
၎. ဘက်တီးရီးယားများနှင့် ကပ်ပါးကောင်များကို တိုက်ထုတ်ပေးခြင်း
ကြက်သွန်ဖြူဟာ ဆေးစွမ်းသတ္တိများစွာ စုပုံထားတဲ့ဆေးတစ် လက်ဖြစ်ပါတယ်။ ကြက်သွန်ဖြူဥကို လွန်ခဲတဲ့ နှစ်ပေါင်း ၇၀၀၀ လောက်က ပဋိဇီဝဆေးအဖြစ် ဘက်တီးရီးယားပိုးများ၊ ကပ်ပါးကောင် ကြောင်း ကူးစက်တတ်တဲ့ရောဂါများအတွက် အသုံးပြုခဲ့ပါတယ်။ ကြက်သွန်ဖြူပေါင်းခံဆေးဟာ ကလေးသူငယ်များရဲ့ ကပ်ပါးကောင် ကူးစက်ရောဂါကို ထိရောက်စွာပျောက်ကင်းစေပါတယ်ဟု လေ့လာမှုတွေက ထောက်ခံပြောဆိုထားပါတယ်။
၅. ကင်ဆာရောဂါ ကာကွယ်ခြင်း
နေ့စဉ်ကြက်သွန်ဖြူဥစားသောက်ပါက အစာအိမ်နှင့် အူမကင်ဆာရောဂါကို ထိရောက်စွာ ကာကွယ် ပေးပါတယ်။ ကင်ဆာရောဂါတိုက်တုတ်ဖို့အတွက် ကိုယ်ခံအားကိုလည်း တိုးပွားစေပါတယ်။
၆. အရေပြားနှင့် ဆံကေသာ
ခန္ဓာကိုယ်ကို ဥပါဒ်ပေးတဲ့ free radicals နှင့် အိုမင်းရင့်ရော်မှုကိုတားမြစ်ပေးတဲ့ collagen ဓါတ်လျှောနည်းမှုကို ထိန်းသိမ်းပေးပါတယ်။ မိုကူးစက်ရောဂါများရှိတဲ့အသားအရေမှာ ကြက်သွန်ဖြူလိမ်းပေးရုံနှင့် အရေပြားနှာတာရှည် ရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။ ဆံကေသာနှင့်ပတ်သက်လို့ ကြက်သွန်နီရဲ့အံ့မခမ်းတဲ့အာနိသင်များကိုလည်း သိပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူမှလြည်း အဲ့ထက်မနည်းတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဦးခေါင်းအရေပြားမှာ ကြက်သွန်ဖြူပေါင်းခံရည် လိမ်းရုံဖြင့် ဆံကေသာဆုံးရှု့းခြင်းမှ ကာကွယ်ပေးပါတယ်။
၇. ထိရှပွန်းပဲ့ ဒါဏ်ရာ
ကြက်သွန်ဖြူဥအသုံးပြုပုံပြုနည်းတွေကို အချိန်တွေကြာလာတာနှင့်အမျှ မေ့ပျောက်လာကြပါတယ်။ ဒါပေမဲ့ အသုံးပြုသူ (နှင့် ကြက်သွန်ဖြူအစွမ်းသတ္တိကိုယုံကြည်သူများ) လူသိနည်းတဲ့ကောင်းကျိုးတွေကို ဝေငှပေးထားပါတယ်။ အဲဒီထဲက ဆေးနည်းတစ်ခုကတော့ ထိရှပွန်းပဲ့ဒါဏ်ရာကို ပျောက်ကင်းစေပါတယ်။ ထိခိုက်ဒါဏ်ရာပေါ်မှာ လှီးထားတဲ့ကြက်ကသွန်ဖြူအဝိုက်ကို ချပြီး ပတ်တီးစည်းပါက ထိခိုက်ပွန်းရှဒါဏ်ရာ ချက်ချင်းပျောက်ကင်းစေပါတယ်။
Credit
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment