Saturday, May 27, 2017

မရမ်းသီးအချိုစိမ်နည်းနဲ့ ကျန်းမာရေးအကျိုးပြုပုံ


မရမ်းသီးအစိမ်း အလုံး(၂၀) လောက်ကို ပထမဦးစွာ ရေစင်အောင် ဆေးကြောပါ။ မရမ်းသီးအချိုစိမ်တဲ့အခါ ဖန်ပုလင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ဖန်ပုလင်းကို ရေနွေးနွေးနဲ့ဆေးကြောပြီး နေပူလှန်းပေးပါ။ မရမ်းသီး အလုံး(၂၀)စိမ်ဖို့အတွက် သကြား လက်ဖက်စားဇွန်း(၇) ဇွန်းနဲ့ ဆားအနည်းငယ် လိုအပ်ပါတယ်။ ဇလုံထဲမှာ ရေနွေးပူပူလေး ထည့်ပါ။ ရေနွေးထဲမှာ သကြားနဲ့ဆားကို ထည့်ပြီး ပျော်အောင် မွှေပါ. ထို့နောက် ဖန်ပုလင်းထဲသို့ သကြား၊ဆားပျော်ရည်ကို ထည့်ပြီး မရမ်းသီးကို ထည့်ပါ။ ကြာကြာခံဖို့နဲ့ မရမ်းသီးကြွပ်ကြွပ်လေး ဖြစ်ဖို့အတွက် ပုလင်းအဖုံးလုံအောင် ဖုံးဖို့လိုအပ်ပါတယ်။ စိမ်ပြီး (၄) ရက်ကြာတဲ့အခါ မရမ်းသီးအချိုစိမ်အဖြစ် စားသုံးလို့ ရပါပြီ။

မရမ်းသီးကို အချိုစိမ်၊ ဆားရည်စိမ်၊ မရမ်းသီးငပိချက် အစရှိသလို အများကြီး ပြုလုပ်စားသုံးလို့ ရပါတယ်။ မရမ်းသီးဟာ ခံတွင်းတွေ့စေတဲ့ အသီးဖြစ်ရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်. မရမ်းသီးဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မရမ်းသီးမှာ ရေဓါတ်များများ ပါဝင်ခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓါတ်တွေကို အစားအစာကနေ စုပ်ယူပေးနိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်တာကြောင့် အသားအရေ ကြည်လင်မှုကို ရရှိစေနိုင်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး လေဖြတ်ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

Credit : ဖြိုးပြည့်သူ

No comments:

Post a Comment