Tuesday, May 23, 2017

အသည်းကိုသန့်စင်ပေးသည့် သစ်သီးစိမ်ရေ


အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ တကယ်တော့ Detox Water ဆိုတာ လတ်ဆတ်တဲ့ သစ်သီးများကို စိမ်ထားတဲ့ သစ်သီးစိမ်ရေပါပဲ။

သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်ရှင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

Detox Water ပြုလုပ်နည်းများ အမျိုးမျိုးရှိပါတယ်။ ၀ိတ်ကျစေမည့်နည်း၊ အသားအရေလှပစေမည့်နည်း စသဖြင့် ပါဝင်တဲ့ပစ္စည်းပေါ်မူတည်ပြီး ကွဲသွားတာပါ။ အဲဒီနည်းများထဲမှ နည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) သစ်သီးစုံ စိမ်ရေ - Fruits Detox Water

သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ စတော်ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်စုပြီး ရေခရား၊ အ၀ကျယ်ပုလင်းတို့ထဲကို ရေသန့်ဖြင့် ထည့်စိမ်ပြီး အနည်းဆုံး (၅)နာရီခန့် စိမ်ထားပြီးလျှင် စသောက်နိုင်ပါပြီ။ ရေခဲသေတ္တာရှိပါက အထဲထည့်ထား ထိုရေကုန်ပါက ရေအသစ်ထပ်ထည့်ထားပါ။ ၄၈ နာရီခန့်ကြာသည်အထိ သောက်နိုင်ပါတယ်။

(၂) ၀ိတ်ကျစေမည့် သစ်သီးစိမ်ရေ - Weight Loss Detox Water

Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ၀ိတ်ကိုလည်း ကျစေပါတယ်။ အသည်းနဲ့ ကျောက်ကပ်တို့ကိုလည်း သန့်စင်ပေးပါတယ်။

(၃) အလွယ်ကူဆုံး သစ်သီးစိမ်ရေ - Simple Detox Water

သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျိုးကို အလုံးလိုက်ရေဆေးပြီး အခွံနှင့်အတူ အကွင်းလိုက်လှီးပြီး သောက်ရေခွက်ထဲ ထည့်စိမ်ထားပြီး သောက်ပါ။ အသည်းနှင့် ကျောက်ကပ်တို့ သန့်စင်ပေးပါတယ်။

လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သည့် ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ပေးလိုက်ပါမိတ်ဆွေတို့။

စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး - Detox Water

Credit to စောနွဲ့ နေဆိုင်- ပူတာအို

No comments:

Post a Comment