Tuesday, May 23, 2017

ဆေးဖက်ဝင် ကျောက်ဖရုံသီးဖျော်ရည်


ကျောက်ကပ်နဲ့ဆီးလမ်းကြောင်း ကျောက်တည်သူများအတွက် ဆေးလည်းဖြစ်၊ ခုလိုပူပြင်းတဲ့ရာသီမှာ ၀မ်းအေးစေတဲ့ ကျောက်ဖရုံသီးဖျော်ရည်ပါ။ ကျောက်ဖရုံသီး ၁ စိပ်ကို အစေ့တွေဖယ်ပြီး အတွင်းသားကို ပါးပါးလှီးပါ။ သကြား စတီးဇွန်းနဲ့ ၃ ဇွန်း၊ဆားနည်းနည်း၊ ရေ တို့ကို blender ထဲထည့်၍ ညက်အောင်ကြိတ်ပါ။ ရလာတဲ့ ကျောက်ဖရုံသီး smoothie ဖျော်ရည်ထဲကို သံပုရာသီး ၁ စိပ်လောက် ညှစ်ထည့်ပါ။ သံပုရာသီးကို အနံ့လောက်ပဲ ထည့်ပါ။

Credit: ချက်ရအောင် စားရအောင်

No comments:

Post a Comment