Tuesday, May 23, 2017
နဂါးမောက်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
နဂါးမောက်သီးဟာ လူတို့၏ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်တဲ့ သဘာဝဆေးဖက်ဝင် သစ်သီးတစ်မျိုးဖြစ်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
(၁) သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်းပါတယ်။
(၂) သွေးတိုး၊ ဆီးချိုသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။
(၃) ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုးပစ္စည်းများ ကို လျော့ချ ပေးနိုင်ပါတယ်။
(၄) ကိုလက် စထရောကို လျှော့ချပေးနိုင်ပါတယ်။
(၅) အသားအရေကို ချောမွတ် စိုပြေစေပါတယ်။
(၆) အစာစားချင်စိတ်ကို တိုးပွားစေပါတယ်။
(၇) အစာခြေဖျက်ခြင်းကို အားကောင်းစေပါတယ်။
(၈) အဆီများကို ခြေဖျက်ပေးနိုင်ပါတယ်။
(၉) သွားနှင့် အရိုးများကို ခိုင်မာစေပါတယ်။
(၁၀) မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်းစေပါတယ်။
(၁၁) ဒဏ်ရာများကို ကျက်စေလွယ်၍ အမြန် သက်သာပျောက်ကင်းစေပါတယ်။
(၁၂) နာလံထလူမမာများအတွက် လျင်မြန်မာစွာ ခွန်အားပြန်လည်ပြည့်ဝလာစေ၍ အထူးသင့်လျော်သောအသီး ဖြစ်ပါတယ်။
(၁၂) အစားအစားများထဲမှာပါတဲ့ အဆိပ်အတောက်များကိုလည်း ပြေပျောက်စေပါတယ်။
နဂါးမောက်သီးကို တောင်အမေရိကနှင့် မက္ကဆီကိုတို့ဘက်မှာ စတင်တွေ့ရှိခဲ့ပြီး ယခုအခါမှာတော့ ကမ္ဘာအနှံ့ မှာ စိုက်ပျိုးရောင်းချနေကြကာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့မှာလည်း ပေါများစွာ စားသုံးနေကြပြီး မြန်မာနိုင်ငံမှာတော့ လူကြိုက်နည်းနေသေးတဲ့အတွက် ဈေးကွက် သိပ်မသွင်ကျယ်သေးပါဘူး။
နဂါးမောက်သီးရဲ့အပြင်ဘက်အရောင်ဟာ အနီရောင်နဲ့ အ၀ါရောင် ၂ မျိုးရှိပြီး အတွင်းသားကတော့ အနီရောင်နဲ့အဖြူရောင် ၂ မျိုးရှိပါတယ်။ အပင်ကတော့ ရှားစောင်းလက်ပပ်အပင်မျိုးနွယ် ဖြစ်ပါတယ်။ အရသာမှာလည်း အချိုဓါတ်၊ အချဉ်ဓါတ်နည်းပါးသည့်အတွက် အရသာပေါ်ပေါ်လွင်လွင် မရှိသည့်အတွက် ဆေးဖက်ဝင်၍ ကျန်းမာရေးအတွက် စားသုံးနေကြပါတယ်။
Cေredit :စာနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - Dragon Fruit, Good Health
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment