Sunday, May 28, 2017

စိတ်ဖိစီးမှုကို ချက်ချင်းရပ်တန့်နိုင်မည့် နည်းလမ်းများ


စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာက သင့်ကျန်းမာရေးအပေါ် အများကြီး ကွာခြားသွားနိုင်ပါတယ်။ သွေးဖိအား လျှော့ချဖို့နဲ့ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့အပြင် တခြားကျန်းမာရေးပြဿနာတွေအပေါ်မှာလည်း သက်သာစေနိုင်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ အောက်ပါတို့ဟာ စိတ်ဖိစီးမှုကို ချက်ချင်း ရပ်တန့်နိုင်ပြီး အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေပါ။

#ပီကေ၀ါးပါ

လေ့လာမှုတွေအရ ပီကေ၀ါးတာက စိုးရိမ်းစိတ်လျော့နည်းစေနိုင်ပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ စည်းချက်ကျကျ ၀ါးရတဲ့အတွက် ဦးနှောက်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်တာကြောင့်လို့ တချို့ သိပ္ပံပညာရှင်တွေ က ယုံကြည်ကြသလို တချို့သူတွေကလည်း ပီကေရဲ့ အနံ့နဲ့ အရသာက စိတ်ကျွိုနူထေ ရရှိစေတယ်လို့ ထင်မှတ်ကြပါတယ်။

#အိမ်ပြင်ထွက်ပါ

အိမ်ထဲမှာ နေတာထက်စာရင် အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာ ဒါမှမဟုတ် ပန်းပင်ရေလောင်းတာလိုမျိုးတွေ ပြုလုပ်လိုက်တာနဲ့တင် စိတ်ခံစားမှုကို ကောင်းမွန်လာစေနိုင်ပါတယ်။

#ပြုံးပါ

စိတ်ညစ်နေလည်း ပြုံးလိုက်ပါ။ ပြုံးလိုက်တဲ့အတွက် မျက်နှာနဲ့ ပါးစပ်တစ်ဝိုက်မှာ ရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုအပေါ် တုံ့ပြန်အား လျော့နည်းသွားနိုင်ပါတယ်။ ပြုံးတာကြောင့် စိတ်ဖိစီးမှုများတဲ့အခြေအနေတွေမှာ ဖြစ်ပေါ်တတ်တဲ့ နှလုံးခုန်နှုန်း မြန်ဆန်တာလည်း လျော့ကျသွားနိုင်ပါတယ်။

#လာဗင်ဒါအနံ့ရှူပါ

လာဗင်ဒါအနံ့ဟာ တချို့ အကိုက်အခဲပျောက်ဆေးတွေနဲ့ စိုးရိမ်စိတ်လျော့ကျဆေးတွေလိုမျိုး အကျိုးသက်ရောက်မှု ရှိပါတယ်။ လာဗင်ဒါရနံ့ပါတဲ့ ရေမွှေးဆွတ်တာ ဒါမှမဟုတ် ဘော်ဒီလိုးရှင်းလိမ်းတာမျိုးတွေ ပြုလုပ်ပေးပါ။

#သီချင်းနားထောင်ပါ

သီချင်းတွေက သင့်ကို စိတ်အေးချမ်းမှု ရရှိစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ငြိမ့်ညောင်းတဲ့တေးဂီတတွေကို နားထောင်သူတွေက စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောတွေ လျော့ကျသွားတာကို တွေ့ရှိခဲ့ပါတယ်။

#အသက်ရှူမှုအပေါ်မှာအာရုံစိုက်ပါ

လူတွေက များသောအားဖြင့် အသက်ရှူနေမှန်းတောင် သတိမထားမိကြပါဘူး။ အသက်ရှူတဲ့အပေါ်မှာ အာရုံစိုက်သူတွေက ကြောက်ရွံ့တာတွေ ဒါမှမဟုတ် စိုးရိမ်စိတ်များတာတွေကို တွန်းလှန်နိုင်တဲ့အပြင် မကောင်းမြင်စိတ်တွေလည်း လျော့ကျသွားနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ထိုင်ပြီး နှာခေါင်းမှတစ်ဆင့် တဖြည်းဖြည်း အသက်ရှူသွင်းပါ။ အသက်ရှူသွင်းလိုက်တဲ့ အခါမှာ ၀မ်းဗိုက်ဖောင်းကားကာ နံရိုးတွေ မြင့်တက်လာတဲ့အထိ ဖြည်းဖြည်းချင်း ရှူသွင်းပြီးမှ ပါးစပ်မှတစ်ဆင့် ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ အနည်းဆုံး ၁၀ မိနစ်လောက် ပြုလုပ်ရပါမယ်။

#ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ

အကောင်းမြင်စိတ်တွေမွေးပြီး မိမိဘာသာမိမိ တစ်ယောက်တည်း “ငါ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်မှာပါ” ဒါမှမဟုတ်လည်း ”အားလုံး အဆင်ပြေမှာပါ”လို့ အားပေးလိုက်တာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

#စာရေးပါ

သင့်တွေးတောထားတာလေးတွေကို ချရေးလိုက်တာက စိတ်ခံစားမှုအတွက် ထွက်ပေါက်တစ်ခု ရရှိနိုင်ပါတယ်။ ပြီးမှ သင် note လုပ်ထားတာလေးထဲကနေ တစ်ခုချင်းစီ ပြုလုပ်သွားတာက စိတ်ဖိစီးမှုလျော့ကျသွားတဲ့အပြင် အလုပ်လည်း ပြီးစီးနိုင်ပါတယ်။

#သူငယ်ချင်းကိုဝေမျှပါ

သင့်မှာ စိတ်ညစ်စရာ အကြောင်းတွေ ရှိနေရင် သင်ရဲ့အခင်ဆုံးသူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ရင်ဖွင့်လိုက်ပါ။ အဲဒီတော့မှ သူတို့မှာလည်း ရင်ဖွင့်စရာအကြောင်းတွေ ရှိနေကြောင်း သင် သိရှိသွားပြီး သင်တစ်ယောက်တည်း အဆင်မပြေစရာရှိတာ မဟုတ်ဘူးဆိုတာ သိသွားပြီး သင် စိတ်ပေါ့သွားပါလိမ့်မယ်။

#လေ့ကျင့်ခန်းလုပ်ပါ

ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်လိုက်တာက ဦးနှောက်ရှင်းသွားပြီး စိတ်ခံစားမှု ကောင်းစေနိုင်တဲ့အတွက် သင် စိတ်ဖိစီးမှုနဲ့ ကြုံလာတိုင်း လမ်းကြာကြာ လျှောက်တာ ဒါမှမဟုတ် အားကစားခန်းမမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်လိုက်ပါ။

#ဒေါက်တာခင်မိုးမိုး
Good Health Journal 619

Credit : Good_Health_Journal

No comments:

Post a Comment