Tuesday, May 30, 2017

ဝက်ခြံမညှစ်သင့်သော Danger Zones


ပုံမှာ ပြထားတဲ့ တြိဂံပုံသဏ္ဌာန်နေရာလေးကတော့ ၀က်ခြံကို လုံးဝမညှစ်သင့်တဲ့ အန္တရာယ်ရှိတဲ့ ဇုန်လေးပါ။ နှာခေါင်းအရင်းပိုင်းကနေ နှုတ်ခမ်းထောင့်တစ်လျှောက်နဲ့ အပေါ်နှုတ်ခမ်းနေရာတွေပါဝင်ပါတယ်။ ဒီနေရာမှာရှိတဲ့ သွေးကြော

တွေက ဦးနှောက်နဲ့ ဦးခေါင်းကို စီးဆင်းနေတာကြောင့်ပါ။ ၀က်ခြံညှစ်မိလို့များ မတော်တဆ ပိုးဝင်ခဲ့ရင် မျက်စိအမြင်အာရုံဆုံးရှုံးတာ၊ အကြောသေတာ ဒါမှမဟုတ် အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်တာကြောင့်ပါ။

အရေပြားအထူးကုဆရာဝန် ဒေါက်တာဗစ်ရှားက ၀က်ခြံညှစ်တဲ့အကျင့်က အကျင့်ဆိုးဖြစ်ပြီး သင့်ကို အမာရွတ်ထင်စေရုံသာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့လည်း သတိပေး

ထားပါတယ်။

Danger Zones ထဲက ၀က်ခြံတွေကို ညှစ်မိတဲ့အခါမှာ ပိုးဝင်ရောက်သွားခဲ့ရင် သွေးကြောအထဲ သွေးခဲမှုဖြစ်တာ ဒါမှမဟုတ် ရောဂါပိုးဝင်တာ ဒါမှမဟုတ် ဦးနှောက်အတွင်း ပြည်တည်တာနဲ့ ဦးနှောက်အမြှေးရောင်တာတွေ ဖြစ်ပြီး အသက်

အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။

ဝက်ခြံက ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များဆုံးသော အရေပြားရောင်ရမ်းမှုဖြစ်စဉ်တစ်ခုပါ။ ဆယ်ကျော်သက်အရွယ် ၈၀ ရာခိုင်နှုန်းလောက်က ၀က်ခြံပေါက်တတ်ကြပါတယ်။ အသက်ကြီးသူတွေမှာလည်း ဟော်မုန်း ညီညွတ်မျှတမှု

မရှိတာကြောင့် ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံမှာ အဆီ၊ ဘက်တီးရီးယားနဲ့ ရောင်ရမ်းမှုပစ္စည်းတွေ ပါဝင်ပါတယ်။ ညှစ်လိုက်တဲ့အတွက် သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေက ဘေးပတ်ဝန်းကျင်အရေပြားကို တွန်းထုတ်လိုက်သလိုဖြစ်တဲ့အ

တွက် ပိုမိုဆိုးရွားစေနိုင်ပါတယ်။ တခြားရောဂါပိုးတွေ ၀င်ရောက်ဖို့ လွယ်ကူသွားတဲ့အပြင် ၀က်ခြံနေရာက အရေပြား ယာယီမည်းသွားနိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်တာကြောင့် နောက်ဆုံးမှာ အရေပြားပေါ် အမာရွတ်ထ

င်ကျန်ခဲ့နိုင်ပါတယ်။ ၀က်ခြံကို မညှစ်ဘဲ အောင့်ထားနိုင်ပါက တစ်ပတ်အတွင်းမှာ အမာရွတ်မထင်ဘဲ သူ့အလို လိုပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်။
.....

ဝက်ခြံမပေါက်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

♦ အချိုပါဝင်မှုနည်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားပါ။ ပဲအမျိုးမျိုး၊ ငါး၊ အခွံမာသီး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားပေးပါ။

♦ တချို့လေ့လာမှုအရ မကြာခဏ နို့နဲ့နို့ထွက်ပစ်္စည်းစားသုံးသူတွေက ၀က်ခြံပေါက်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ သင်က ၀က်ခြံပေါက်လွယ်သူဖြစ်ရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းကို ရှောင်ရှားသင့်ပါတယ်။

♦  မျက်နှာကို အလွန်အကျွံ ဆေးကြောတာ၊ ကြေးချွတ် ပွတ်တိုက်တာတွေ မပြုလုပ်ပါနဲ့။ ၀က်ခြံက အရေပြားပေါ်မှာ ဖုန်တွေ၊ ကြေးတွေ များတာကြောင့် ဖြစ်တာ မဟုတ်ပါ။

♦  အလှကုန်ပစ်္စည်းမျိုးစုံသုံးစွဲတာကလည်း အရေပြားခြောက်သွေ့မှုဖြစ်စေနိုင် ပြီး ၀က်ခြံပေါက်စေနိုင်တဲ့အတွက် အဆီပါဝင်မှုမရှိတဲ့ မျက်နှာသစ်ဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ်နဲ့ နေရောင်ကာလိမ်းဆေးတွေကို အသုံးပြုပါ။

♦  အဆီများတဲ့ ဆံပင်ထုတ်ကုန် (ဥပမာ အုန်းဆီ)တွေက အဆီတွေကလည်း အရေပြားပေါ် စုဆောင်းမှုဖြစ်စေပြီး ၀က်ခြံကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

#ဒေါက်တာခင်မိုးမိုး
(Good Health Journal 612)

Credit :Good_Health_Journal

No comments:

Post a Comment