Tuesday, May 30, 2017
ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဟင်းချက်နည်းများ
ကျွန်ုပ်တို့စားတဲ့အစားအစာတွေဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ကင်ဆာလိုမျိုး ဆိုးရွားတဲ့ ရောဂါဖြစ်နိုင်ခြေတွေတောင် အစားအစာကြောင့် လျှော့ချနိုင်ပါတယ်။ ဘာကို စားရမလဲဆိုတဲ့ တစ်မျိုးတည်း အရေး
ကြီးတာ မဟုတ်ပါဘူး။ အစားအစာတွေကို ချက်ပြုတ်နည်းကလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကြက်သွန်ဖြူကို အလုံးလိုက်ကိုက်စားတာထက် ထုထောင်းပြီး စားတာက ကင်ဆာကာကွယ်ဖို့အတွက် ပိုမို
ကောင်းမွန်နိုင်ပါတယ်။ အောက်ဖော်ပြပါတွေဟာ ကင်ဆာကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးချက်ပြုတ်နည်းတွေပါ။
..............................
အစိမ်းရောင် ပန်းဂေါ်ဖီ »»» ရေနွေးဖြင့် ပေါင်းစားပါ
အစိမ်းရောင်ပန်းဂေါ်ဖီလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အထူးသဖြင့် အစိမ်းရောင် ပန်းဂေါ်ဖီမှာ များစွာပါဝင်တဲ့ ဆာဖိုရက်ဖိန်း ဒြပ်ပေါင်းတွေဟာ ကင်ဆာကို
တွန်းလှန်နိုင်တဲ့ အရည်အချင်းအပြည့်အ၀ရှိတယ်လို့ ဓာတ်ခွဲခန်းစမ်းသပ်ချက်အရ တွေ့ရှိထားပါတယ်။ ဆာဖိုရက်ဖိန်းထုတ်ဖို့အတွက် လိုအပ်တဲ့၊ ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီမှာ ပါဝင်တဲ့ မိုင်ရိုဆီးနစ်အင်ဇိုင်းတွေဟာ အပူ
ရှိန်အပြင်းအထန်နဲ့ ထိတွေ့ရင် ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိလည်း ပျက်စီးသွားပါတယ်။ ဒီအသီးအရွက်တွေကို ရေနွေးငွေ့နဲ့ ငါးမိနစ်ခန့် ပေါင်းစားတာဟာ မိုင်ရိုဆီးနစ် အင်ဇိုင်းကို မပျက်ြ
ပယ်စေတဲ့ အကောင်းဆုံးသော နည်းလမ်းပါ။ ဘရိုကိုလီအညွန့်တွေမှာ မိုင်ရိုဆီးနစ်အင်ဇိုင်း အမြောက်အမြားပါဝင်တဲ့အတွက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဆာဖိုရက်ဖိန်းထုတ်လုပ်မှုလည်း ပိုမိုများပြားတတ်ပါတယ်။
..............................
ခရမ်းချဉ်သီး »»» ချက်စားပါ
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်းတွေဟာ ကင်ဆာအမျိုးအစား မျိုးစုံဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ခရမ်းချဉ်သီးကို မိနစ် အနည်းငယ်ကြာ ချက်ပြီးမှသာ စားသင့်တယ်လို့ အမေရိကန်က
င်ဆာသုတေသီဌာနက အကြံပေးထားပါတယ်။ ဟင်းချက်တာကြောင့် ထွက်ရှိလာတဲ့ လိုင်ကိုပင်းတွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်တာကြောင့်ပါလို့ ရှင်းပြပါတယ်။ ခရမ်းချဉ်သီးကို ချက်ရာမှာ သံလွင်ဆီ အနည်းငယ်ထည့်ရင် ခန္ဓာကိုယ်ရဲ့
လိုင်ကိုပင်းစုပ်ယူမှုအား ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
..............................
ကြက်သွန်ဖြူ »»» ကြိတ်ပြီးမှ ချက်ပါ
ကြက်သွန်ဖြူကို ဟင်းမချက်ခင်မှာ ကြိတ်တာ ဒါမှမဟုတ် ထောင်းတာတွေ လုပ်ပြီး ၁၀-၁၅ မိနစ်ခန့် စောင့်ပါ။ ကြက်သွန်ဖြူမှ ထွက်ရှိလာနိုင်တဲ့ အယ်လီစင်ဟာ ရောဂါမျိုးစုံကို တွန်းလှန်နိုင်ပါတယ်။ အယ်လီစင်ဟာ ကြက်သွန်ဖြူထဲမှာ
ရှိတဲ့ ဒြပ်ပေါင်း အယ်လီယန်နဲ့ အယ်လီယန်းနေ့စ်ဒြပ်ပေါင်းတို့ ဓာတ်ပြုပြီးမှ ထွက်ရှိလာပါတယ်။ ကြက်သွန်ဖြူ ဥအတိုင်း စားမယ်ဆိုရင် အယ်လီယန်နဲ့ အယ်လီယန်းနေ့စ်တို့ဟာ တကွဲတပြားစီ ရှိနေတတ်ပြီး ညက်ညက်ထောင်းတာ ဒါမှ
မဟုတ် ကြိတ်လိုက်တဲ့အခါမှာ အဲဒီဒြပ်ပေါင်းနှစ်ခု အတူပေါင်းစပ်သွားပြီး အယ်လီစင်ဒြပ်ပေါင်းထွက်ရှိလာနိုင်ပါတယ်။ ကြိတ်ပြီး ခဏစောင့်ခိုင်းရတာဟာ အပူရှိန်ကြောင့် အယ်လီယန်းနေ့စ်အင်ဇိုင်းတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။
..............................
အာလူး »»» ဟင်းမချက်ခင် ၁၅ မိနစ်ခန့် ရေစိမ်ထားပါ
အာလူးတွေကို တချို့ဟင်းချက်နည်းနဲ့ ချက်ရာမှာ အခရိုင်လစ်မိုက်ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ရှိလာတတ်ပါတယ်။ အခရိုင်လစ်မိုက်တွေ မြင့်မားနေရင် ကင်ဆာ ဖြစ်နိုင်ခြေ များတယ်လို့ လေ့လာမှုအများအပြားအရ တွေ့ရှိထားပါတ
ယ်။ ကြော်တာ၊ ဖုတ်တာ၊ မီးကင်တာလိုမျိုး အပူချိန်မြင့်မားစွာနဲ့ အချိန်အကြာကြီး ချက်ရတဲ့အခါ အခရိုင်လစ်မိုက်တွေ များစွာ ထွက်ရှိလာတတ်ပါတယ်။ ဒါ့အပြင် အာလူးကို ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်ပါဘူး။ ဟင်းချက်ရာမှာ
အခရိုင်လစ်မိုက်တွေ ပိုမိုထွက်ရှိလာနိုင်တာကြောင့်ပါ။ ဟင်းမချက်ခင် အာလူးကို ၁၀-၁၅ မိနစ်ခန့် ရေစိမ်ထားပါက အခရိုင်လစ်မိုက် ထွက်ရှိတဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။ ဒါ့အပြင် အခွံပါတဲ့ အာလူးကို ရေနဲ့ ချက်ပြုတ်ရင် အခရု
ိင်လစ်မိုက် မထွက်ရှိလာနိုင်ဘူးလို့ ဆိုပါတယ်။ အာလူးကြော်မှ စားချင်နေသူတွေအတွက် အာလူးကြော်ရင် ရွှေရောင်ပြောင်းတဲ့အထိသာ ကြော်ရပါမယ်။ အညိုရောင်ပြောင်းသွားရင် အခရိုင်လစ်မိုက်တွေ ပိုမိုပါဝင်နိုင်ပါတယ်။
..............................
ပေါင်မုန့် »»» မီးငွေ့ငွေ့နဲ့သာ ကင်ပါ
ပေါင်မုန့်ကို အပူချိန်ပြင်းစွာနဲ့ မီးကင်ရင် အခရိုင်လစ်မိုက်တွေ ထွက်ရှိလာနိုင်ပါတယ်။ ပေါင်မုန့်ကင်စားရာမှာ အညိုနုရောင်ပြောင်းတဲ့အထိပဲ ကင်ရပါမယ်။ အညိုရင့်ရောင်ဖြစ်သွားရင် မစားသင့်ပါဘူး။
..............................
အသား »»» မီးငွေ့ငွေ့ဖြင့် ချက်စားပါ
အသားတွေကို အပူရှိန်မြင့်မားစွာနဲ့ ချက်ပြုတ်ရင် DNA ပျက်စီးနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာပြီး ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ အသားတွေကို မီးသွေးနဲ့ မီးကင်ပြီး မစားသင့်ပါဘူး။ အကယ်၍ မီးကင်စားမယ်ဆိုရင် မီးမကင်ခင် အ
သားတွေကို Rosemary လိုမျိုး ဆေးဖက်ဝင် အရွက်တွေ၊ မဆလာတွေနဲ့ အရင်နှပ်ပြီးမှ ကင်ပါ။ Rosemary မှာပါဝင်တဲ့ Carnosol ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းထွက်ရှိနှုန်း နည်းသွားနိုင်တာကြောင့်ပါ။ အသားတွေကို ဟိုဘ
က်ဒီဘက် မကြာခဏ လှည့်ပေးပါ။ တူးခြစ်တဲ့နေရာတွေကို ဖယ်ရှားသင့်ပါတယ်။
..............................
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ »»» အခွံပါ စားပါ၊ ရေနွေးငွေ့ဖြင့် ပေါင်းစားပါ
သစ်သီးအခွံတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အခွံပါတဲ့ ပန်းသီးဟာ အခွံခွာထားတဲ့ ပန်းသီးထက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ဒြပ်ပေါင်း ကွာစီတင် ၇၅ ရာခိုင်နှုန်း ပိုမိုပါဝင်ပါ
တယ်။ ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာကြာ ချက်ပြုတ်ရင် ဗီတာမင် စီ၊ ဖောလိတ်အက်စစ်လိုမျိုး ရေမှာပျော်ဝင်တဲ့ ဗီတာမင်စီနဲ့ တချို့အပင်ဒြပ်ပေါင်းတွေ ပျက်စီးနိုင်ပါတယ်။ ဟင်းရွက်တွေ ချက်ပြုတ်ရာမှာ သံလွင်ဆီလိုမျိုး ကျန်း
မာရေးကောင်းစေတဲ့အဆီအနည်းငယ် ထည့်ချက်ရပါမယ်။ ဒီအဆီက ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် အေ အီးနဲ့ ကေ လိုမျိုး အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူမှု ကောင်းစေနိုင်တာကြောင့်ပါ။
#ဒေါက်တာခင်မိုးမိုး
Credit:Good Health Journal
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment