Monday, July 17, 2017
အအေးမိတုပ်ကွေးဖြစ်ခြင်းမှ ကင်းဝေးစေမည့် နည်းလမ်းများ
ရောဂါပိုး ၀င်ရောက်ရင် ကိုယ်အပူချိန် တက်လာတတ်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ မ၀င်နိုင်အောင် နေထိုင်ခြင်းက အအေးမိတုပ်ကွေးဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရောဂါပိုးတွေ မ၀င်စေဖို့အတွက် လိုက်နာရမည့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1. လက်ကို မကြာခဏဆေးပါ။ အထူးသဖြင့် အစားမစားမီ၊ အိမ်သာတက်ပြီးချိန်နဲ့ လူထူထပ်တဲ့နေရာတွေက ပြန်လာပြီးချိန်တွေမှာ သေသေချာချာဆေးပါ။
2. ကလေးတွေကို လက် ဘယ်လိုစနစ်တကျ ဆေးရမယ်ဆိုတာ သင်ပေးထားပါ။ လက်နှစ်ဖက်စလုံးရဲ့ လက်ဖ၀ါးရော၊ လက်ဖမိုးပါ ဆပ်ပြာနဲ့ သေသေချာချာ ပွတ်သပ်ဆေးကြောစေပါ။
3. လက်သန့်ဆေးရည် (သို့) ပိုးသတ်တစ်ရှူးအစိုကို မိမိနဲ့ အမြဲအတူ သယ်ဆောင်သွားပါ။ ဆပ်ပြာနဲ့ ရေမရတဲ့နေရာတွေမှာ ဒါတွေက အသုံးဝင်ပါတယ်။
4. နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို လက်နဲ့ ပွတ်သပ်ခြင်းကို ရှောင်ကြဉ်ပါ။ လက်နှင့် မကြာခဏ ပွတ်သပ်ပါက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ၀င်ရောက်ပါတယ်။
5. နှာချေ၊ ချောင်းဆိုးပါက ပါးစပ်နှင့် နှာခေါင်းကို အုပ်ပါ။ ကလေးတွေကိုလည်း သင်ထားပေးပါ။
6. သောက်ရေခွက်များ၊ ပန်းကန်ခွက်ယောက်များကို အခြားသူများနှင့် ခွဲဝေသုံးစွဲခြင်း မပြုပါနှင့်။
Dr. Mya Myo Myo Swe
#Cd
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment