Sunday, July 2, 2017
ကြိုးခုန်ခြင်း၏ အကျိုးကျေးဇူးများ
၁။ အကောင်းဆုံး အပြင်းစား လေ့ကျင့်ခန်းတခု ဖြစ်ပါတယ် ။
၂။ တစ်နာရီမှာ ကယ်လိုရီ ၁၃၀၀ လောင်ကျွမ်းစေနိုင်ပါတယ် ။
အကောင်းဆုံး အဆီဖျော်ချနိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ် ။
၃။ ပြေးခြင်းထက် အဆီကို ပိုလောင်ကျွမ်းစေနိုင်ပါတယ် ။
အိမ်ပြင်ထွက်စရာမလို ၊ နေရာမရွေး လုပ်နိုင်ပါတယ် ။
၎။ အကုန်အကျ စားရိတ်စက သက်သာပါတယ် ။
၅။ ၀ိတ်ထိန်းဖို့ အခြေခံကျတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ် ။
၆။ ခြေထောက်လှုပ်ရှားမှု ၊ ကိုယ်ခန္ဓာ ထိန်းညှိမှုတွဲစပ်မှုတွေ တိုးတက်စေပါတယ် ။
အပြေးသမား ၊ အားကစားသမားတွေရဲ့ အခြေခံလေ့ကျင့်ခန်း ဖြစ်ပါတယ် ။
၇။ ဒဏ်ခံနိုင်စွမ်း တိုးစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ် ။
၈။ ပေါင် ၊ ခြေသလုံး ၊ ၀မ်းဗိုက် ၊ လက်မောင်း ကြွက်သားတွေအားလုံးကို
တပြိုက်နက်ထဲ ကျစ်လစ်သန်မာစေပါတယ် ။
၉ ။ တင်ပါးဆုံကြွက်သားများကိုပါ ထိရောက်ပါတယ် ။
၁၀။ ပြေးခြင်းထက် အဆစ်များအပေါ် ဖိနှိပ်အား သက်ကြောက်မှု လျော့နည်းပါတယ် ။
၁၁။ နှလုံခုန်ခြင်း ၊ နှလုံးသွေးကြော နဲ့ သွေးတိုးခြင်းများအပေါ် ကောင်းတဲ့
အကျိုးပြုမှု ရှိပါတယ် ။
၁၂။ မည်သူမဆို လုပ်နိုင်ပါတယ် ။
၁၃။ အရိုးများကိုလည်း ကျစ်လစ်သန်မာစေပါတယ် ။
၁၄။ ကြိုးတစ်ချောင်းသာ လိုအပ်တာမို့ ၊ သွားလေရာ သယ်သွားနိုင်ပြီး
ကွင်းလပ်ရှိရင် ကယ်လိုရီ လျှော့ချနိုင်ပါတယ် ။
.
ဓါတ်ပုံလုပ်တာ စာတွေသေးသွားလို့ စာပြန်ရေးထည့်တာပါ ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
21/6/2016
Credit
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment