Saturday, July 1, 2017
ချွေးပေါက်ကျည်းစေမဲ့ သဘာဝနည်းလမ်းများ
ချွေးပေါက်ကျည်းစေဖို့ ခောတ်မီတဲ့ အလှပြင်ပစ္စည်းတွေ ဘာလို့အသုံးပြုနေတော့မှာလဲ။ သဘာဝပစ္စည်းလေးတွေနဲ့ ချွေးပေါက်ကျည်းစေမဲ့နည်းလမ်းတွေအများကြီးပါပဲ။
ဒီနည်းလမ်းတွေက မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တာမို့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမှာပါ။
ရေနဲ့ မုန့်ဖုတ်ဆိုဒါ
ရေနဲ့ မုန်တ်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းဆီကို ရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်မျက်နှာပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ မုန့်ဖုတ်ဆိုဒါခြောက်သွေ့ပြီး အရေပြားတင်းလာပြီဆိုရင် ရေအေးနဲ့ ဆေးချပါ။
ကြက်ဥအကာနဲ့ သံပုယိုသီး
သံပုယိုသီး ၁ လုံးကို အရည်ညစ်ပြီး ကြက်ဥအကာနှစ်လုံးနဲ့ရောပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ရေအေးနဲ့ မျက်နှာသစ်ချပါ။ ချွေးပေါက်ကျည်းစေနိုင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးသလို အဆီပျံတာကို သက်သာစေပါတယ်။
ခရမ်းချည်သီးနဲ့ သံပုရာသီး
သံပုယိုသီး ၄ စက်လောက်ကို ခရမ်းချည်သီးအနှစ်နဲ့ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် လိမ်းပေးထားပါ။ ပြီးရင်ရေအေးနဲ့ မျက်နှာသစ်ချပါ။
ချွေးပေါက်ကျည်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
သံပုယိုသီးနဲ့ နာနတ်သီး
သံပုယိုသီး တစ်ဝက်ကို အရည်ညစ်ပြီး နာနတ်သီးအရည် ခွက်တစ်ဝက်လောက်နဲ့ ရောပြီးပါ။ ပြီးရင် မျက်နှာပေါ်မှာလမ်းပေးပြီး ၅ မိနစ်လောက်ထားကာ ရေအေးနဲ့မျက်နှာသစ်ပါ။
===========
Credit: MyFood Myanmar
Subscribe to:
Post Comments (Atom)

-
အူကျရောဂါဆိုသည်မှာ ခါးက ကိုက်ခဲလာပြီး ကပ်ပယ်အိတ်အတွင်းသို့ အူချောင်းကြီး ထိုးကျနေသည်ဖြစ်ရာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပါသည်။ လှုပ်လိုက်လှ...
-
၁။ ပုံပါ ကင်းခြေများမတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ ထွက်သောအစေးကိုကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့်အဆိပ်ချက်ချင်းပြေနိုင်ပါတ...
-
စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ သတင်းစာဖတ်ရှုသူ များ...
No comments:
Post a Comment