Wednesday, May 31, 2017

ချောင်းဆို အမြန်သက်သာပျောက်ကင်းစေဖို့ အိမ်မှာ ပြုလုပ်လို့ရတဲ့ ဆေးတစ်ခွက်


ဖျားနေရင်းနဲ့ ချောင်းဆိုးပြီဆိုရင် အိပ်လို့လည်းမရ ခံရလည်းတော်တော် ခက်လှပါတယ်။လည်ပင်းယားပြီး ချောင်းမကြာခဏဆိုးလာပြီဆိုရင် ကိုယ့်အနီးနားက လူတွေပါ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဆေးဝါးတွေကို အလွယ်တကူ မကြာခဏမှီဝဲတာဟာ သိပ်တော့မကောင်းလှပါဘူး။ ဒ့ါကြောင့် သဘာဝဆေးစွမ်းတစ်လက် ဖော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မှာဖြစ်လို့ စာဖတ်သူတို့ အဆင်ပြေကြမှာပါ။

ပါဝင်ပစ္စည်း

၁။သကြား ၁ ခွက်
၂။ရေ ခွက်တစ်ဝက်
၃။သံပုယိုရည် စားပွဲတင်ဇွန်း ၁ဇွန်း
၎။ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
၅။ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
၆။လေးညှင်းပွင့် (ကြိတ်ပြီးသား) လက်ဖက်  ရည်ဇွန်း ၁/၄ ပုံ

ပြုလုပ်နည်း

သကြားတစ်ခွက်ကို ရေခွက်တစ်ဝက်ဖြည့်ထားတဲ့ ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် သံပုယိုသီးကို တစ်ခြမ်းလှီးပြီး အရည်ညှစ်ထည့်ပါ။ စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဂျင်းနဲ့ လေးညှင်းပွင့် ကိုထည့်ပါ။ ပြီးရင် အပူချိန်အနေတော်ပေးပြီး သည်ပါ။ စပြီးဆူလာပြီဆိုရင် မွှေပေးပါ။ ပြီးရင် အပူရှိန်နည်းနည်းလျှော့ပါ။ အဲဒီနောက် ဆက်တိုက်မွှေပေးပါ။၁၅ မိနစ် မိနစ် ၂၀ လောက်ထိ ဆူနေရင်း ထားထားရင်အကောင်းဆုံးပါပဲ။

ပြီးရင် မီးဖိုပေါ်ကချပြီး မိနစ်အနည်းငယ်လောက် အအေးခံပါ။ အရည်ကစပြီး ပျစ်လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဗန်းတစ်ခုပေါ်မှာ Baking Paper စက္ကူသုံးပြီး စောစောကလုပ်ထားတဲ့ အရည်ကို တစ်ပုံချင်း မကပ်အောင်ချပေးပါ။ မနစ် ၂၀ လောက်ထားပါ။ ပြီးရင်တော့ သကြားမှုန့်နဲ့ ဖြန်းပေးပါ။ အဲဒါဆိုရင်ရပါပြီ။

ပြီးရင် အဲဒါကို ဘူးတစ်ခုထဲမှာထည့်ထားပေးပါ။ သောက်တော့မယ်ဆိုရင် ရေကော်ဖီခွက်အနေတော်ထည့်ပြီး စောစောက ကိုယ်လုပ်ထားတဲ့ အချပ် ၂ ချပ်နဲ့ ဖျော်သောက်ပါ။
Credit

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်း


အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

(၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။

(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ။

(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ။

(၄) ဟင်းကျက်ပြီဆိုရင် တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို နှုတ်နှတ်စင်း၍ ထည့်ပါ။

(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ။ အရည်ရော အဖတ်ပါ စားပါ။ တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ။

(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက် ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ။

ကျောက်ကပ်ဟာ လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအစာများကို စစ်ထုတ်ပေးရတယ်။

ယနေ့ခေတ် အစားအသောက်များကလည်း ဟိုအရင်လို သဘာဝအလျှောက် တောထဲကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်။ အဆိပ်အတောက်မျိုးစုံလည်း ပါဝင်နေပါတယ်။ ကြာလာတော့ ကျောက်ကပ်ကို သွားထိပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ပြီး ကျောက်ကပ်မှာ
 ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်။

လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

credit

ကင်ဆာနှင့် နှလုံးရောဂါကို ကာကွယ်ပေးသည့် ဗန်ဒါစေ့


သင့်ကို ငယ်ငယ်က လူကြီးသူမတွေက ရေစိမ်ထားတဲ့ ဗန်ဒါသီးစေ့ကို စားခိုင်းတာ ဘာကြောင့်လဲလို့ထင်ပါသလဲ။ ရေစိမ်ထားတဲ့ ဗန်ဒါသီးစေ့မှာ သင်ထားတာထက်ပို အဟာရတွေအများကြီးပါဝင်ပါတယ်။ သူ့မှာ အရေးကြီး ဗီတာမင်နှင့် သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

ဘာကြောင့် ဗန်ဒါစေ့တွေကို ရေစိမ်ခိုင်းတာလဲ

ခြောက်သွေ့နေတဲ့ ဗန်ဒါ အစေ့မှာ အပင်ပေါက်ဖို့အတွက် အစိုပြန်မှုများမှ ကာကွယ်ထားတဲ့ အင်ဇိုင်းများရှိနေပါတယ်။ ဗန်ဒါစေ့ကို ရေထဲမှာ စိမ်လိုက်ရင်တော့ အဲ့ဒီ အင်ဇိုင်းများ မရှိတော့ပါဘူး။

ရေစိမ်ထားတဲ့ ဗန်ဒါစေ့များက အစာခြေရတာ ပိုပြီး လွယ်ကူစေပြီး အစာခြေစနစ်ကို အားကောင်းစေတဲ့ အဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ တစ်ညလောက် ရေစိမ်ထားတဲ့ ဗန်ဒါစေ့များက တခြား ခြောက်သွေ့နေတဲ့ ဗန်ဒါစေ့များထက်ပိုပြီး အဟာရဓာတ်ပိုများပြီး လွယ်ကူစွာ အစာခြေနိုင်ပါတယ်။

ကင်ဆာကို ကာကွယ်ပေး

ဗန်ဒါစေ့များက အူမကြီးအတွင်း အစာလှုပ်ရှားမှုကို ကူညီပေးကာ အူမကြီးထဲမှာ အစာစုပုံ ပိတ်ဆို့ခြင်းကိုလည်း လျော့ချပေးတာကြေင့် အူမကြီး ကင်ဆာ ဖြစ်မှုကို ကာကွယ်ပေးပါတယ်။

သကြားဓာတ်ကို မြှင့်တင်ပေး

တစ်နေ့ကို ဗန်ဒါစေ့ လက်တစ်စုပ်စာ စားပေးရင် ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးပါတယ်။ သူတို့က Manganese၊ ကော့ပါး နဲ့ Riboflavin ဓာတ်တွေပါဝင်တာကြောင့် စွမ်းအင်ထုတ်လုပ်မှုနှင့် ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပါတယ်။

နှလုံးရောဂါ ကာကွယ်ပေး

ဗန်ဒါစေ့များမှာ Mono-unsaturated Fats၊ ပရိုတင်းနှင့် ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ သူ့မှာ ဗီတာမင် အီးပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချစေပြီး Magnesium လည်းပါဝင်တာကြောင့် နှလုံးရုတ်တရပ် ရပ်တန့်မှုကို ကာကွယ်ပေးပါတယ်။

ဦးနှောက်အတွက်ကောင်း

ဦးနှောက် ကျန်းမာရေးကို အားကောင်းစေမယ့် အဟာရတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Riboflavin နဲ့ L-Carnitine တို့လို ဦးနှောက်ကို အားကောင်းစေတယ့် အဟာရများ ကြွယ်ဝစွာပါဝင်ပြီး ဦးနှောက် စွမ်းဆောင်မှုကို တိုးတက်စေကာ အယ်ဇိုင်းမာ ရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

ဗန်ဒါစေ့များကလည်း သွေးအတွင်း ကော်လက်စထရောကိုလည်း လျော့ချပေးပါတယ်။ ဗီတတာမင် E နဲ့ ကယ်ဆီယမ် ဓာတ်များကလည်း ကော်လက်စထရောဓာတ်ကို ထိန်းညှိပေးပါတယ်။

အရိုးတွေကို ကျန်းမာ သန်စွမ်းစေ

သူ့မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ Phosphorous ဓာတ်တွေပါဝင်တာကြောင့် အရိုးကျန်းမာရေးကို အားကောင်းစေပါတယ်။ Phosphorous ဓာတ်တွေက အရိုးနှင့် သွားတွေကို ခိုင်မာ စေပြီး အရိုးပွခြင်းမှလည်း ကာကွယ်ပေးပါတယ်။
Credit

Tuesday, May 30, 2017

အချိုမှုန့် အန္တရာယ်



အချိုမှုန့်ကို ဘာနဲ့ လုပ်ထားသနည်း....

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.?

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။

ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Credit

ဆေးဆိုးစရာမလိုဘဲ ဆံပင်ဖြူတွေ အမည်းရောင်ပြန်ဖြစ်စေမယ့် အံ့သြဖွယ် နည်းလမ်း


တချို့တွေက သွေးသားကြောင့် ဆံပင်ဖြူရမယ့် အရွယ်မတိုင်ခင် ဆံပင်တွေ ဖြူလေ့ရှိပါတယ်။ တချို့ကတော့ အသက်အ ရွယ်အရ ဆံပင်ဖြူလာကြပါတယ်။

ဆံပင်အားလုံးဖြူသွားတာမျိုးလည်း မဟုတ်သေးဘဲ ကျိုးတို့ကျဲတဲ နေရာကွက်ကြား ဖြူတယ်ဆိုရင်တော့ ကြည့်ရ ဆိုးပါ တယ်။ ဒါကို အမည်းရောင်ဆေးမဆိုးဘဲ သဘာဝအတိုင်း ပြန်မည်းအောင် ပြုလုပ်လို့ရတဲ့သဘာဝနည်းလမ်းလေးကိုေ ဖ်ာပြပေးလိုက်ပါတယ်။
အာလူးငါးလုံးကို ရေစင်အောင်ဆေးပါ။ ပြီးရင် အခွံနွှာပါ။ အခွံကို ရေမြှုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။ (၁၀) မိနစ်လော က်ကြာတဲ့အခါ ရေဆူလာပြီဆိုရင် အပူပေးတာကို ရပ်လိုက်ပါ။ အာလူးအခွံတွေကို ဆယ်ထုတ်လိုက်ပါ။ ပြုတ်ရည်ကိုေ အးသွားသည်အထိ အအေးခံပေးပါ။ ပြီးရင် ပြုတ်ရည်ကို ဆံပင်နေရာ အားလုံးမှာ လိမ်းပေးပါ။
မိနစ်(၂၀) လောက်ကြာအောင် ထားပေးပါ။ ပြီးရင် ပုံမှန်ခေါင်းလျှော်သလိုပဲ လျှော်ပေးပါ။ တပတ်ကို တစ်ကြိမ်ပြု လုပ် လို့ရပြီး သုံးခါလောက် ပြုလုပ်ပြီးတဲ့အခါ ဆံပင်ဖြူတွေ အမည်းရောင်ကို ပြောင်းလဲပြီး လူငယ်လေးလို လှပနေမှာ အေ သအချာပါပဲ။

Credit:ဖြိုးပြည့်သူ(မိုမိုလေး)






သင့်ကျန်းမာရေးကောင်းပြီး ဒေါင်ဒေါင်မြည်နေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2016 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ။

38. ဒီ Post ကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို share လုပ်လိုက်ပါတဲ့။

Credit: အေးငြိမ်း

မိန်ခလေး အချင်းချင်းတောင် ကြွေတယ်ဆိုပြီး Social Media မှာ နာမည်ကြီးနေသူလေးပါ


























ရွှေချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်များ


ချဉ်ပေါင်ရွက် ကို ချဉ်ပေါင်ကြော်၊ ဟင်းချို၊ ချဉ်ရည်ဟင်း စသည့် ထမင်းမြိန်ဟင်းလျာများ အဖြစ်စားလေ့ ရှိကြပါတယ်။ အသားထူတဲ့ အနီရောင် ချဉ်ပေါင်ဖူးတို့ကို ကြော်၍ သော်လည်းကောင်း၊ ချဉ်ရည်ဟင်း အဖြစ်ပါ ချက်စားနိုင်ပါတယ်။ တချို့ အရပ်ဒေသ များမှာ အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ ချဉ်ပေါင်ဖူး နှင့် ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက် (သို့ မဟုတ်) သကြားဖြင့် ယိုထိုး၍ သော်လည်းကောင်း၊ အနောက်နိုင် ငံများတွင် Jam၊ သကြားရည် အနှစ်၊ ရှာလကာရည် စသည်ဖြင့် စားသုံ ကြပါတယ်။ ချဉ်ပေါင်ဖူးယို က အနံ့ အရသာ ပိုစူးတာကြောင့်၊ ၄င်းကို ဇီးယို ထက်ပို၍ လူကြိုက်များ ကြပါတယ်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ ဆား အနည်းငယ် တို့ ဖြင့် ရောကြိုပြီး ဆူလာပါက အအေးခံ ၍ ဖျော်ရည် အဖြစ် သောက်သုံး နိုင်ပါတယ်။

ချဉ်ပေါင် နှင့် မြန်မာ့ဆေးစွမ်း

မြန်မာပြည်တွင် (က) ချဉ်ပေါင်ခါး(ခ) ချဉ်ပေါင်ဖြူ(ဂ) ချဉ်ပေါင်နီလက်ချား ဟူ၍ သုံးမျိုးရှိပါတယ်။

(က) ချဉ်၍ အနည်းငယ် ငံသော ချဉ်ပေါင်ခါးဟာ သုံးပေမှ ငါးပေ အထိမြင့်ပြီး၊ နူးညံ့သော ဆူး နှင့်အမွှေး များ ပါရှိပါတယ်။ အရွက်ပေါ်မှာ လေးခု၊ ငါးခုအကွဲ များရှိပြီး အစိပ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များ ပါ ရှိပါတယ်။ အပွင့်က၀ါ၍ အစေ့မည်းပါတယ်။

(ခ) အပူဓာတ် ရှိ၍ အချဉ်ပေါ့သော ချဉ်ပေါင်ဖြူပင်က နှစ်ပေ မှ သုံးပေအထိမြင့်ပြီး အရွက်မှာ အစွန်း သုံးခု (သို့ မဟုတ်) ငါးခုစီ ပါရှိနေပါတယ်။ အပွင့်မှာ အဖြူရောင် ဖြစ်ပြီး တစ်ပင်လုံး ဖြူဖွေးသော အမွှေးနုများပါ ရှိပါတယ်။

(ဂ) ချဉ်၍ အပူဓာတ်ရှိသော ချဉ်ပေါင် နီလက်ချားပင်က တစ်မိုက်သာသာ ခန့် မြင့်ပြီး၊ အရွက်မှာ ဥသဏ္ဍာန် ရှိ၍ အဖျားချွန်းကာ အရွက် ပါးလျ ပါတယ်။ အပွင့်က၀ိုင်း၍ ဖြူပါတယ်။ အသီး မှာ ဆီးသီးအလတ် စားအရွယ်ခန့် ရှိကာ နုစဉ် အစိမ်းရောင်ဖြစ်ပြီး၊ မှည့်လျှင်ဝါသွားတတ်ပါတယ်။

မြန်မာ့ဆေးကျမ်းများတွင်

(က) ချဉ်ပေါင်ခါး ကို အစာကြေဆေး၊ နှုတ်မြိန်ဆေး၊ သွေးဝမ်း/မြင်းသ ရိုက်နာ ပျောက်ဆေး၊ ၀ဖြိုး ဆေး၊ ကာမ အားတိုးဆေး၊ နားကိုက်ပျောက်ဆေး၊ လည်ချောင်းနာပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဆစ်လွဲ နာကျင် ပျောက်ဆေး၊ ၀မ်းနှုတ်ဆေး၊ သည်းခြေရောဂါ နှင့် နှာစေးချောင်းဆိုးပျောက်ဆေးအဖြစ် ဆေးဝါးများဖော်စပ်ရာတွင် သုံးလေ့ရှိပါတယ်။

(ခ) ချဉ်ပေါင်ဖြူ ကို ၀မ်းပျက်ခြင်း အတွက် ဆေးဖော်လေ့ ရှိကြပါတယ်။

(ဂ) ချဉ်ပေါင်နီ လက်ချားကို ဆီးရွှင်ေ ဆး၊ ရေငတ် ပျောက်ဆေး၊ နှုတ်မြိန်ခံတွင်း ကောင်းဆေး၊ သည်းခြေရောဂါ၊ မူးဝေခြင်း၊ လေနာရောဂါ၊ နူနာရောဂါ၊ အဆုတ်ရောဂါ၊ အသားအ ရေညိုခြင်း၊ သားသည်မိခင်များ နို့ ရည်လိုက်ဆေး အဖြစ် ဆေး ၀ါးဖော်စပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။
၉၆ ပါးသော ဝေဒနာများအတွက် အောက်ပါဆေးမြီး တိုများဖြင့်လည်း ကုသ ပျောက်ကင်းနိုင်ပါတယ်။

(၁) ချဉ်ပေါင်ခါး အပွင့် ၁၂ ပွင့်ကို သကြား ၂ပဲသားနှင့် ရောကြိတ်၍ ငရုတ်ကောင်း အနည်းငယ် ရောထည့် သောက်ပေးခြင်းဖြင့် အပူလွန်၍ အချဉ်ပြန်သော အစာမကျေခြင်း ရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။

(၂) နာကျင်ကိုင်ခဲသော ဝေဒနာများအတွက် ချဉ်ပေါင် ခါးပင်အစေ့ကို အမှုန့် ပြု၍ ထိုအမှုန့် ၂-ပဲသားကို နှမ်းဆီ လ္ဘက်စားဇွန်း ၂-ဇွန်း ရောစပ်လိမ်းပေးနိင်ပါတယ်။.

(၃) ချဉ် ပေါင်နီအရွက် နှင့် ချဉ်ပေါင်သီး တို့ ကို နေရိပ်မှာ အခြောက်လှမ်းပြီး၊ ရေနွေးဆူဆူမှာ သင့်ရုံထည့်၍ သကြားနှင့်ရောစပ် သောက် ပေးခြင်းဖြင့် ဆီးရောဂါ နှင့် ရေငတ် အာခြောက်ခြင်းကို သက်သာစေပါတယ်။

(၄) ချဉ်ပေါင်ခါး ပင် အစေ့ကို လှော်၍အမှုန့် ပြုပါ။ ထိုအမှုန့်  ၁ပဲသားကို ရေနွေးနှင့် နေ့စဉ် သောက်ပေး ပါက အစာမကြေ ၀မ်းပျက်ရောဂါကို ပျောက်ကင်းစေပါတယ်။

(၅) ဗိုက်နာပြီး အကျိ အချွဲများနှင့် ၀မ်းသွားပါက၊ ချဉ်ပေါင်ခါး (သို့မဟုတ်) ချဉ်ပေါင်ဖြူ (သို့ မဟုတ်) ချဉ်ပေါင်နီ လက်ချားတို့၏ အမြစ်သွေး ရည် ၁ဇွန်းကို တစ်နေ့  ၂ ကြိမ်သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

(၆) ချဉ်ပေါင်နီ လက်ချား အရွက်ကို ထမင်းနှင့် ရောကြိတ်ပြီး၊ ပြည်တည်နာ၊ အနာစိမ်း၊ ခွေးကိုက်နာ၊ ကြောင်ကိုက်နာ၊ အနာအို၊ အနာဆွေးများပေါ် အုံပြီး အ၀တ် နှင့် စည်းထားပေးခြင်းဖြင့် အနာရင်းခြင်း၊ ငန်းမန်းလိုက်ခြင်းမရှိဘဲ အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါတယ်။

ချဉ်ပေါင် နှင့် သိပ္ပံဆေးစွမ်း

(၁) အူသိမ်၊ အူမတို့ ကို ကောင်းကျိုးပြုပါတယ်။

(၂) ချဉ်ပေါင်ရွက် ထဲမှာ Hydroxy နှင့် Amino အက်ဆစ် များကြွယ်ဝစွာ ပါရှိ သောကြောင့် ဆီးအား ကောင်းစေပါတယ်။ ဆီးရွှင်၍ ၀မ်းသက်စေပါတယ်။

(၃) Vitamin C နှင့် သတ္တုဓာတ်တို့  အမြောက်အ များပါရှိသောကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း၊ ဆဲလ်များ သေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကို ကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကို နုပျိုစေခြင်း၊ ကင်ဆာ ရောဂါများ ဖြစ်နိုင်ချေ အလား အလာ နည်းပါးစေနိုင်ခြင်း၊ အဆုတ်ကို ကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေး ချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည် ယိုနှာပိတ်ခြင်းတို့ မှလဲ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါ တယ်။

(၄) Calcium ဓာတ် အမြောက်အများ ပါရှိ သဖြင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြော အဖွဲ့ အ စည်း များနှင့် ကြွက်သားများ ဖွဲ့ စည်းမှုကို တိုးတက် ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်း မှကာကွယ်ပေးခြင်း၊ ခြေလက်များ တဆစ်ဆစ် နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ ကိုသက်သာပျောက် ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။

(၅) ချဉ်ပေါင်ပန်းပွင့် များဟာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) ချဉ်ပေါင်ဖူး ၏ အစေ့မှ လဲ အဆီထုတ်ယူနိုင်ပါတယ်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာ အမျိုး မျိုးတို့ ကို လိမ်းပေးခြင်းဖြင့်ရောင် ကိုင်းခြင်းကိုသက်သာစေပြီး၊အနာများလဲ ကျက်စေပါတယ်။

(၇) ခြေလည်ပင်း ပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့်သက်သာ ပျောက်ကင်းနိုင်ပါတယ်။

(၈) ချဉ် ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကို သက်သာေ ပျာက် ကင်းစေပါတယ်။ လူကိုလန်းဆန်းစေနိုင်ပါတယ်။

(၉) ချဉ်ပေါင် အစေ့ပြုတ်ရည်ကို သောက် သုံးခြင်းဖြင့် အစာနင်ခြင်း နှင့် အစာမကျေခြင်းတို့ကို သက်သာ ပျောက်ကင်းစေ နိုင်ပါ တယ်။

(၁၀) ချဉ်ပေါင်ရွက် ကို လ္ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အေ လး ချိန်ကျစေ ပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါ အမျိုးမျိုးတို့ကိုလဲ
ဟန့်တား ကာကွယ် ပေးနိုင်ပါတယ်။

(၁၁) ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည် ကိုသောက်ေ ပးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါတယ်။

သတိပြုရန် သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ ချဉ်ပေါင် က သွေးပေါင်ချိန်တက် နိုင် ပါတယ်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည် များနှင့်လည်းမသင့်တော်ပါ။

ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့ လက်တကမ်းမှာ ၁၂-လ ရာသီပတ် လုံး အလွယ်က တူရရှိနိုင် သော ချဉ်ပေါင်ရွက် တို့ ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Credit: ဆောင်းပါးရှင်…ပေါက်ပေါက်

🌷#အမဲစက် #မှဲ့ခြောက် #သက်သာပျောက်🌷


🌷အမဲစက် မှဲ့ခြောက် နေလောင်ကွက် သက်သာပျောက်ကင်းတဲ့နည်းလေး လက်တွေ့စမ်းသပ်ကာလ ၂ပတ်အတွင်း အတော်သက်သာလို့ မျှဝေပေးလိုက်ပါသည်။🌷
🌷အားလူးကို သနပ်ခါးသွေးသလိုသွေးပြီး...မျက်နှာသစ်ပြီးလိမ်းပါ။
🌷တစောင်းလက်ပတ်ရှိကထည့်သွေးပါ။
🌷မရှိလဲ အာလူးနဲ့ရေနဲ့သွေးလိမ်းပါ။
🌷ခြောက်မှ မျက်နှာထပ်သစ်ပြီ cream. တခုခုလိမ်းပေးပါ။
🌷လက်တွေ့စမ်းသပ်ပြီးမှ ဒီပို့စ်ကိုတင်လိုက်ပါသည်။အလွယ်ကူဆုံးနည်းလေးပါ။
🌷အမဲစက်များတဖြည်းဖြည်းပါလာပြီး ပန်းရောင်အနေထားသို့ရောက်ရှိလာပါလိမ့်မည်.ဆက်လိမ်းပေးပါ။
🌷သွေးပြီးရင်ကျောက်ပြင်ပေါ် ပုံအပါအတိုင်းမှောက်ထားပါ။ မဲမသွားရန်။ ကျောက်ပြင်သီးသန့်မထားနိုင်ပါက ကြွေပန်းပြားလေးထဲမှောက်ထားပေးပါ။
🌷တညလုံးလိမ်းမအိပ်ပါနှင့် တင်းလွန်းလျှင် မျက်နှာအသားနုသည့်အတွက် အသားကွဲနိုင်ပါသည်။" လိမ်းပြီးခြောက်သွားလျှင် မျက်နှာသစ်ပေးပါ။"
🌷မိတ်ကပ်လဲပါးပါးလေးလိမ်းပေးရုံနှင့်မျက်နှာလေးကြည်လင်လှပလာစေပါသည်။
🌷စိတ်လှ လူလှ မျက်နှာလေးလဲလှကြပါစေ🌷
🌷Tulip May🌷
#အထွေထွေဗဟုသုတ
Credit##မောင့်စွယ်စုံကျမ်း

ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ



တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ မရှိလောက်အောင်ပင် လူသိများလှပါသည်၊၊ သို့သော် ရှားစောင်းလက်ပပ် ၏် အစွမ်းထက်လှသော ဂုဏ်သတ္ထိထူးများနှင့် ဆေးအသုံးကို ပြည့်စုံအောင် သိသူကား ရှားပါးလှပေ၏။ရှားစောင်းလက်ပပ်ပင်ကို ကျွန်ုပ်မိဘများ၏ ဇာတိမြေ ဖြစ်သော အညာဒေသတစ်ဝိုက်တွင် သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့နိုင်ပေသည်၊၊ရှားစောင်းလက်ပပ်ပင်သည် အပူဒဏ်ကို ကြံ့ကြံခံနိုင်သော သဘာဝရှိသည့် ထူးခြားသော အပင်တစ်မျိုးဖြစ်သည်၊၊ အပင်၏ တစ်ဖက်တစ်ချက်တွင် လွှသွားကဲ့သို့ ဆူးလေးများ ပါရှိကာ အခွံ၏အတွင်းထဲတွင်တော့ အင်မတန် အေးမြ စိုစွတ်သော ရှားစောင်းလက်ပပ် အနှစ်ခေါ် ဂျယ်ရီအတုံးလေးများကို ထူးခြားစွာတွေ့ရလေသည်၊၊ရှားစောင်းလက်ပပ်၏ ထူးခြားချက်မှာ အပင်ကိုနုတ်ရ်ျ ရက်ပေါင်းများစွာ ပစ်ထားစေကာမူ အပင်သည် ညှိုးခြောက်မသွားပဲ ရှင်သန်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေသည်၊၊ထိုသို့ရက်ရှည်လများ ပစ်ထားသော်လည်း ညှိုးခြောက်မသွားပဲ တာရှည်ခံခြင်းမှာ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်ရီတုံးကလေးများ၏ အစိုဓါတ် ကို ရေရှည်ထိန်းထားနိုင်သော ဂုဏ်သတ္ထိတို့ကြောင့်ဖြစ်သည်၊၊ ထို့ကြောင့် ရှေးသမားအကျော်တို့က ရှားစောင်းလက်ပပ်ပင်ကို မသေဆေးပင်ဟုလည်းခေါ်ကြသည်၊၊
.
ရှားစောင်းလက်ပပ်ပင်ကို ရှေးအခါကပင် သမားတော်အကျော်အမော် တို့က မီးယပ်ဆေး၊နုနာရောဂါ ပျောက်ဆေးများအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြသည်၊၊စာရေးသူကိုယ်တိုင်လည်း ရှားစောင်းလက်ပပ်ချက်ဆေး မှီဝဲသောကြောင့် မည်သည့်ဆေး၊ မည်သည့်ဆရာ ၀န်နှင့်မှ ကုသရ်ျ မပျောက်ကင်းခဲ့သော အဒေါ်ဖြစ်သူ၏ လက်မှ ကြွက်နို့များနှင့် တင်ပါးမှ ၀ဲခြောက်များ ပျောက်ကင်းခဲ့သည့်အကြောင်းကို ကျွန်ုပ်၏ ပထမ စာအုပ်ဖြစ်သော ''အသက်ကယ်ဆေးပင်များ'' ရေးသားဖော်ပြခဲ့ဖူးလေသည်၊၊ ထို့အပြင်ယင်းစာအုပ် နှိုက်ပင် ရှားစောင်းလက်ပပ်ကို မှီဝဲသောကြောင့် ခန္ဒာ ကိုယ်တစ်ခုလုံး ခံစားနေရသော ယားနာများနှင့် ခုခံအားကျဆင်း မှုရောဂါပါ သက်သာလာခဲ့ကြောင်း ဝေဒနာသည်တစ်ဦး၏ ကိုယ်တွေ့ကို ရေးသား ဖော်ပြခဲ့ပါသည်၊၊
ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများ နှင့် ဆေးအသုံးများကား ကျယ်ဝန်းလှပါ၏။
.
ရှားစောင်းလက်ပပ်ဂျယ်ရီ(4)လက်မ၊ (5)လက်မ ခန့်ကို နေ့စဉ် မှန်မှန်မှီဝဲပါက တစ်လအတွင်းတွင် သွေးထဲ နှိုက်ရှိသော သကြားဓါတ်များ ပုံမှန်ပြန်ဖြစ်ကာ ဆီးချို၊ သွေးချို ရောဂါ သက်သာ သွားမည်ကို စာဖတ်သူကိုယ်တိုင်သုံးစွဲကြည့်လျှင် ကိုယ်တွေ့သိရပေမည်၊၊ ထိုရှားစောင်းလက်ပပ်ဂျယ်ရီကို နှစ်ရှည်လများဆက်လက် မှီဝဲပါက ဆီးချို ၊ သွေးချိုကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါများဖြစ်သည့် အာရုံကြောအားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ခန္ဒာကိုယ်ယားယံခြင်း၊ကျောက်ကပ်ပျက်စီးခြင်းဝေဒနာများကို ဟန့်တားကာကွယ် သက်သာပျောက်ကင်းနိုင်ပြီး ဆီးချို၊သွေးချို ရောဂါ များလည်း တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သည်၊၊
.ထို့အပြင် ရှားစောင်းလက်ပပ် အပေါ်ခွံကို ခွာရ်ျ အတွင်းသား အနှစ်ဂျယ်ရီ ကို နေ့စဉ် တစ်နေ့ တစ်ကြိမ် မှီဝဲပါက အူလမ်းကြောင်းမကောင်းရ်ျ ၀မ်းကောင်းစွာ မသွားနိုင်သော ၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်၊၊ ထိုဝမ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းသောကြောင့် ၀မ်းချုပ်ရောဂါ ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သော လိပ်ခေါင်းရောဂါ၊ စအိုအိမ်(အစာဟောင်းအိမ်) ကင်ဆာရောဂါများ ကာကွယ်ပြီး ဖြစ်လေသည်၊၊
.
ထို့ပြင်ဝမ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ၀ါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်ရ်ျ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ သွေးတိုးခြင်း၊ ခေါင်းနောက်ရ်ျ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ေ၀၀ါးရ်ျ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်ရ်ျ အထက်ပါ ဝေဒနာများကို ကာကွယ် ပြီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်ပေသည်၊၊
.
အချို့ သော လူများမှာ ၀မ်းချုပ်ရောဂါကို နှစ်ရှည်လများ ခံစားနေရပြီး ၀မ်းနုတ်ဆေးမှီဝဲမှ ၀မ်းသွားသဖြင့် နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေသူများကို ကျွန်ုပ် တွေ့ခဲ့ဖူး၏၊၊ ထိုသူများမှာ နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေရသော ဒုက္ခနှင့်အတူ ၀မ်းနုတ်ဆေးများတွင် ပါဝင်သော ပွေးကိုင်းကြောင့် ၀မ်းသွားခါနီးတွင် ၀မ်းဗိုက်ရစ်နာကာ အူနံရံမှ အကျိအချွဲ၊အမြှေးများ ၀မ်းနှင့် အတူ ကျဆင်းတတ်သဖြင့် အူများပါးလွှာတတ်ပြီး ကြာလျှင် အူရောင်ခြင်း ၊ အူတွင် အနာရောဂါ ဖြစ်ပွားခြင်းများ ဖြစ်တတ်လေသည်၊၊ ကနခို ပါဝင်သော ၀မ်းနုတ်ဆေးများဆိုလျှင် ပိုရ်ျ ပင်အန္တရာယ် များတတ်လေသည်၊၊ထိုသို့ ၀မ်းနုတ်ဆေးစားမှ ၀မ်းသွားသော၊ ၀မ်းနုတ်ဆေးကို နေ့စဉ် မှီဝဲနေရသောပုဂ္ဂိုလ်များအဖို့ ရှားစောင်းလက်ပပ်သည် နေ့စဉ် မှီဝဲသင့်သော ဘေးထွတ်ဆိုးကျိုးကင်းသည့် ဓါတ်စာဆေးဝါး တစ်မျိုးဖြစ်လေသည်၊၊
.
ရှားစောင်းလက်ပပ်၏ ထူးခြားသော နောက်ထပ်
.
ထို့ပြင်ဝမ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ၀ါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်ရ်ျ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ သွေးတိုးခြင်း၊ ခေါင်းနောက်ရ်ျ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ေ၀၀ါးရ်ျ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်ရ်ျ အထက်ပါ ဝေဒနာများကို ကာကွယ်ြ@ပီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်ပေသည်၊၊
.အချို့ သော လူများမှာ ၀မ်းချုပ်ရောဂါကို နှစ်ရှည်လများ ခံစားနေရပြီး ၀မ်းနုတ်ဆေးမှီဝဲမှ ၀မ်းသွားသဖြင့် နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေသူများကို ကျွန်ုပ် တွေ့ခဲ့ဖူး၏၊၊ ထိုသူများမှာ နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေရသော ဒုက္ခနှင့်အတူ ၀မ်းနုတ်ဆေးများတွင် ပါဝင်သော ပွေးကိုင်းကြောင့် ၀မ်းသွားခါနီးတွင် ၀မ်းဗိုက်ရစ်နာကာ အူနံရံမှ အကျိအချွဲ၊အမြှေးများ ၀မ်းနှင့် အတူ ကျဆင်းတတ်သဖြင့် အူများပါးလွှာတတ်ပြီး ကြာလျှင် အူရောင်ခြင်း ၊ အူတွင် အနာရောဂါ ဖြစ်ပွားခြင်းများ ဖြစ်တတ်လေသည်၊၊ ကနခို ပါဝင်သော ၀မ်းနုတ်ဆေးများဆိုလျှင် ပိုရ်ျ ပင်အန္တရာယ် များတတ်လေသည်၊၊ထိုသို့ ၀မ်းနုတ်ဆေးစားမှ ၀မ်းသွားသော၊ ၀မ်းနုတ်ဆေးကို နေ့စဉ် မှီဝဲနေရသောပုဂ္ဂိုလ်များအဖို့ ရှားစောင်းလက်ပပ်သည် နေ့စဉ် မှီဝဲသင့်သော ဘေးထွတ်ဆိုးကျိုးကင်းသည့် ဓါတ်စာဆေးဝါး တစ်မျိုးဖြစ်လေသည်၊၊
.
ရှားစောင်းလက်ပပ်၏ ထူးခြားသော နောက်ထပ်ဂုဏ်သတ္ထိတစ်မျိုးမှာ ခန္ဒာကိုယ်သွေးအတွင်း မြင့်မားနေသော Uric acid ကို ထိန်းချုပ်နိုင်ခြင်း နှင့် Uric acid များသူများ စားသုံးလျှင် သွေးအတွင်း Uric acid လျှော့ကျရ်ျ ပုံမှန်ဖြစ်စေခြင်းဖြစ်သည်၊၊ ထို့ကြောင့် Uric acid များရ်ျ ဖြစ်သော ဒူးနှင့် ခန္ဒာအဆစ်အမြစ်တို့ ရောင်ရမ်းကိုက်ခဲစေသည့် (gout) ဂေါက်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ဖြစ်ပွားပါက ပျောက်ကင်းစေခြင်းပင်ဖြစ်သည်၊၊
.
ယခုဖော်ပြ သော အကြောင်းအရာများမှာ စာရေးသူ လက်လမ်းမှီသမျှ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများကို စာဖတ်သူများသို့ မျှ ဝေခြင်းဖြစ်ပါသည်၊၊
ယခုစာရေးသူဖော်ပြမည့် ကင်ဆာ ရောဂါနှင့် ပက်သက်ရ်ျ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိထူးများမှာ အံ့သြဖွယ် ကောင်းလှပါသည်၊၊စာရေးသူ၏ အစ်ကို၊အစ်မ၀မ်းကွဲ လူနာမိတ်ဆွေတို့၏ ကိုယ်တွေ့လေးများ မဖော်ပြမှီ ဂျပန်နိုင်ငံမှ ဆေးသုတေသန ပညာရှင်တစ်စု၏ စမ်းသပ်မှုများကို ဦးစွာဖော်ပြလိုပါသည်၊၊ ဂျပန်နိုင်ငံမှ ဆေးပညာရှင်တစ်စုသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းသို့ ကင်ဆာဆဲ(လ်)များကို ထိုးသွင်းလိုက်ပါသည်၊၊
.
ထိုသို့ ထိုးသွင်းလိုက်သော ကင်ဆာဆဲ(လ်)များသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းနှိုက် ပွားများလာပါသည်၊၊ထိုကဲ့သို့ ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းမှ ပွားများလာသော ကင်ဆာဆဲ(လ်)များအတွင်းသို့ ရှားစောင်းလက်ပပ် သတ္ထုရည်(အနှစ်ရည်)ကို ထိုးသွင်းလိုက်သော အခါ ထိုရှားစောင်းလက်ပပ် သတ္ထုရည်များက ကြွှက်များကိုယ်တွင်းရှိ ကင်ဆာဆဲ(လ်) များကို ချေမှုန်းဖျက်စီးနိုင်ကြောင်း တွေ့ရှိရပါ၏၊၊
.
ထိုစမ်းသပ်မှု ရလဒ်အဖြေကြောင့် ရှားစောင်းလက်ပပ်ထဲတွင် ကင်ဆာရောဂါ ကို ကာကွယ် ကုသနိုင်သော ဒြပ်ပေါင်းပါဝင်ကြောင်း အတည်ပြုကောက်ချက်ချခဲ့ပါသည်၊၊ သို့သော်လည်း လူကိုတော့ မစမ်းသပ်ရသေးကြောင်းသူတို့ကဆို၏၊၊ ဂျပန် နိုင်ငံမှ ဆေးသုတေသန ပညာရှင်များ၊ ဆရာဝန်များ လူကို မစမ်းသပ်ရသေးမှီ စာရေးသူ၏ ဆွေမျိုးနှင့် မိတ်ဆွေ လူနာများ၏ ရှာစောင်းလက်ပပ်နှင့် ပက်သက်ရ်ျ ကိုယ်တွေ့များက အံ့သြဖွယ်ကောင်းလှပေသည်၊၊
.စာရေးသူ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူနှင့် ဇနီးသည်မှာ နှစ်ဦးစလုံး မန္ထလေးတိုင်းရင်းဆေးသိပံ မှ အောင်မြင်ရ်ျ တိုင်းရင်းဆေး ဒီပလိုမာ ရရှိခဲ့ကြသူများဖြစ်သည်၊၊ သူတို့ နှစ်ဦးစလုံး ကျောက်ပန်းတောင်းတွင် အခြေချ နေထိုင်ရင်း တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားလေသည်၊၊ လွန်ခဲ့သော လေး ၊ ငါး ၊ခြောက်နှစ်ခန့်က စာရေးသူအစ်ကို၏ ဇနီးဖြစ်သူ မချို မှာ အသည်းကင်ဆာရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရပါသည်၊၊ သို့သော သေမည်ဟု ထင်ထားသော မချိုမှာ အသေပဲ ယခုအချိန်တွင် အသည်းကင်ဆာရောဂါ ပျောက်ကင်းသက်သာရ်ျ လူကောင်းပကတိဖြစ်နေပေပြီ၊၊ မချို ၏ အသည်းကင်ဆာ ရောဂါ သက်သာသွားပုံကိ စိတ်ဝင်စားလှသဖြင့် စာရေးသူ ကျွှန်ုပ်က မချိုထံသို့ ဖုန်းဆက်ရ်ျ မေးမြန်းကြည့်မိ၏၊၊
.
''မချို အသည်းကင်ဆာ ဖြစ်တာ ဘာဆေးမှီဝဲပြီး သက်သာပျောက်ကင်းသွားတာလဲ၊ ကျွန်တော်သိချင်လို့ပါ''
.
'မချို ကအသည်းကင်ဆာဖြစ်ပြီးတော့ ရေဖျဉ်းသုံးကြိမ်စွဲတယ်၊၊ ဒီတော့ အသည်းကင်ဆာအတွက်ရော ရေဖျဉ်းအတွက်ပါ သောက်ရတဲ့ ဆေးတွေက များတော့ များတာပေါ့၊၊ ဒါပေမယ့် အသည်းရောင် အသားဝါ ဘီပိုးနှင့်အသည်းကင်ဆာအတွက် ဆေးတစ်မျိုးကို ပြောရမယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်လို့ ပြောရမှာပဲ၊၊ ရှားစောင်းလက်ပပ်ကို အခွံနွာပြီး အတွင်းက အနှစ်ဂျယ်ရီကို နေ့တိုင်းစားတယ်၊၊ရှားစောင်းလက်ပပ်အခွံနဲ့ ဂျယ်ရီကြားက စိမ်းဝါ၀ါအရောင်၊ မုန့်ချက်တဲ့ အနှစ်သားက ပိုပြီး အစွမ်းထက်တယ်၊၊မချိုကတော့ ရှားစောင်းလက်ပပ်ဂျယ်ရီ နေ့စဉ် မှီဝဲတယ်၊၊
.
ရှားစောင်းလက်ပပ်အနှစ်ကိုကို နေ့စဉ်မှီဝဲလို့ အသည်းကင်ဆာ သက်သာ ပျောက်ကင်းတာ နောက်တစ်ယောက်ရှိသေးတယ်၊၊သူကတော့ မချိုသမီးရဲ့ သူငယ်ချင်းရဲ့ အဖေပဲ၊၊
.
သူက စီပိုးဘက်ကနေ ကင်ဆာကို ကူးသွားတာ၊၊သူကအခု မန္တလေးမှာနေတယ် ၊သူ့ရဲ့ အသည်းရောင် အသားဝါ စီပိုးရော အသည်းကင်ဆာပါ ရှားစောင်းလက်ပပ်အနှစ်ကို နေ့စဉ် မှီဝဲရင်းနဲ့ပဲ သက်သာပျောက်ကင်းသွားတယ်၊၊'''
ကျွှန်ုပ်၏ အစ်ကိုဝမ်းကွဲ၏ ဇနီးဖြစ်သူ အသည်းကင်ဆာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရသော ၊ယနေ့ လူကောင်းပကတိ ဖြစ်နေပြီ ဖြစ်သောမချို ၏ သတင်းစကားများဖြစ်သည်၊၊
.
ရှားစောင်းလက်ပပ်၏ အစွမ်းဖြင့် အသည်းကင်ဆာ ပျောက်ကင်းကြောင်း သတင်းစကားသယ်ဆောင်လာသူ နောက်တစ်ဦးကတော့ ဒေါ်သန်းသန်းဝင်း ဆိုသော အသက်(60)ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်၊၊ ဒေါ်သန်းသန်းဝင်း က သူမ၏ မိတ်တွေ တစ်ဦး ရှားစောင်းလက်ပပ် အစွမ်းဖြင့် အသည်းကင်ဆာ သက်သာပျောက်ကင်းသွားပုံကို အောက်ပါ အတိုင်းပြောပြလေသည်၊၊
.
'' ကျွန်မရဲ့ အသိတစ်ယောက် အသည်းကင်ဆာဖြစ်တာ ရှားစောင်းလက်ပပ်အ နှစ်ကို ခြစ်ပြီး ထန်းဖိုဦးထန်းလျက်ရည်လေးနဲ့ ရောပြီး နေ့စဉ်စားတာ၊ အခုတော့ အသည်းကင်ဆာ ရောဂါ ပျောက်ကင်းသွားပါပြီ၊၊ ''
.
ထိုသတင်းစကားကို သယ်ဆောင်လာသူ ဒေါ်သန်းသန်းဆိုသူမှာ လှိုင်သာယာ မြို့နယ် မင်းရဲကျော်စွာ လမ်းတွင်နေထိုင်သူဖြစ်သည်၊၊
.
ဂျပန်နိုင်ငံမှ ဆရာဝန်များ၊ဆေးသုတေသနပညာရှင်များသည် ရှားစောင်းလက်ပပ်သည် ကင်ဆာ ရောဂါ ကို သက်သာပျောက်ကင်းစေကြောင်း အစွမ်းသတ္ထိကို ကြွက်များဖြင့် စမ်းသပ်ပြီး လူကို မစမ်းသပ်မှီ စာရေးသူတို့ မြန်မာနိုင်ငံနှိုက် ရှားစောင်းလက်ပပ်၏ အစွမ်းကြောင့် အသည်းကင်ဆာ ရောဂါ ဝေဒနာ ပျောက်ကင်းသူ သုံးဦးခန့် ရှိပေပြီ၊၊ စာရေးသူ လက်လှမ်းမမှီသော၊ မသိရှိသော နေရာများနှိုက် ကင်ဆာရောဂါ ဝေဒနာသည် ဘယ်နှစ်ဦး သက်သာပျောက်ကင်းနေမည်ကို မသိရှိပါ၊၊
.
စာရေးသူကိုယ်တိုင်လည်း ကင်ဆာရောဂါ ဝေဒနာကို ကာကွယ်ရန်နှင့် ခံစားနေရသော ဆီးနှင့် ကျောက်ကပ် ရောဂါ ဝေဒနာသက်သာစေရန်အတွက် ရှားစောင်းလက်ပပ်ဂျယ်ရီကို နေ့စဉ် မှီဝဲလျက်ရှိပါသည်၊၊ ဘေးထွတ်ဆိုးကျိုး အင်မတန်နည်းပါးပြီး ရောဂါ ဝေဒနာပေါင်းစုံအတွက် အစွမ်းထက်လှသော ရှားစောင်းလက်ပပ်ကို နေ့စဉ်မှီဝဲမည်ဆိုပါက အကျိုးအနန္ထ ကျေးဇူးများလှကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်၊၊
.
ဗအုပ်ခိုင်

Credit - ဆေးပညာဆိုင်ရာဆောင်းပါးများ

ဝက်ခြံမညှစ်သင့်သော Danger Zones


ပုံမှာ ပြထားတဲ့ တြိဂံပုံသဏ္ဌာန်နေရာလေးကတော့ ၀က်ခြံကို လုံးဝမညှစ်သင့်တဲ့ အန္တရာယ်ရှိတဲ့ ဇုန်လေးပါ။ နှာခေါင်းအရင်းပိုင်းကနေ နှုတ်ခမ်းထောင့်တစ်လျှောက်နဲ့ အပေါ်နှုတ်ခမ်းနေရာတွေပါဝင်ပါတယ်။ ဒီနေရာမှာရှိတဲ့ သွေးကြော

တွေက ဦးနှောက်နဲ့ ဦးခေါင်းကို စီးဆင်းနေတာကြောင့်ပါ။ ၀က်ခြံညှစ်မိလို့များ မတော်တဆ ပိုးဝင်ခဲ့ရင် မျက်စိအမြင်အာရုံဆုံးရှုံးတာ၊ အကြောသေတာ ဒါမှမဟုတ် အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်တာကြောင့်ပါ။

အရေပြားအထူးကုဆရာဝန် ဒေါက်တာဗစ်ရှားက ၀က်ခြံညှစ်တဲ့အကျင့်က အကျင့်ဆိုးဖြစ်ပြီး သင့်ကို အမာရွတ်ထင်စေရုံသာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့လည်း သတိပေး

ထားပါတယ်။

Danger Zones ထဲက ၀က်ခြံတွေကို ညှစ်မိတဲ့အခါမှာ ပိုးဝင်ရောက်သွားခဲ့ရင် သွေးကြောအထဲ သွေးခဲမှုဖြစ်တာ ဒါမှမဟုတ် ရောဂါပိုးဝင်တာ ဒါမှမဟုတ် ဦးနှောက်အတွင်း ပြည်တည်တာနဲ့ ဦးနှောက်အမြှေးရောင်တာတွေ ဖြစ်ပြီး အသက်

အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။

ဝက်ခြံက ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များဆုံးသော အရေပြားရောင်ရမ်းမှုဖြစ်စဉ်တစ်ခုပါ။ ဆယ်ကျော်သက်အရွယ် ၈၀ ရာခိုင်နှုန်းလောက်က ၀က်ခြံပေါက်တတ်ကြပါတယ်။ အသက်ကြီးသူတွေမှာလည်း ဟော်မုန်း ညီညွတ်မျှတမှု

မရှိတာကြောင့် ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံမှာ အဆီ၊ ဘက်တီးရီးယားနဲ့ ရောင်ရမ်းမှုပစ္စည်းတွေ ပါဝင်ပါတယ်။ ညှစ်လိုက်တဲ့အတွက် သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေက ဘေးပတ်ဝန်းကျင်အရေပြားကို တွန်းထုတ်လိုက်သလိုဖြစ်တဲ့အ

တွက် ပိုမိုဆိုးရွားစေနိုင်ပါတယ်။ တခြားရောဂါပိုးတွေ ၀င်ရောက်ဖို့ လွယ်ကူသွားတဲ့အပြင် ၀က်ခြံနေရာက အရေပြား ယာယီမည်းသွားနိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်တာကြောင့် နောက်ဆုံးမှာ အရေပြားပေါ် အမာရွတ်ထ

င်ကျန်ခဲ့နိုင်ပါတယ်။ ၀က်ခြံကို မညှစ်ဘဲ အောင့်ထားနိုင်ပါက တစ်ပတ်အတွင်းမှာ အမာရွတ်မထင်ဘဲ သူ့အလို လိုပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်။
.....

ဝက်ခြံမပေါက်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

♦ အချိုပါဝင်မှုနည်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားပါ။ ပဲအမျိုးမျိုး၊ ငါး၊ အခွံမာသီး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားပေးပါ။

♦ တချို့လေ့လာမှုအရ မကြာခဏ နို့နဲ့နို့ထွက်ပစ်္စည်းစားသုံးသူတွေက ၀က်ခြံပေါက်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ သင်က ၀က်ခြံပေါက်လွယ်သူဖြစ်ရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းကို ရှောင်ရှားသင့်ပါတယ်။

♦  မျက်နှာကို အလွန်အကျွံ ဆေးကြောတာ၊ ကြေးချွတ် ပွတ်တိုက်တာတွေ မပြုလုပ်ပါနဲ့။ ၀က်ခြံက အရေပြားပေါ်မှာ ဖုန်တွေ၊ ကြေးတွေ များတာကြောင့် ဖြစ်တာ မဟုတ်ပါ။

♦  အလှကုန်ပစ်္စည်းမျိုးစုံသုံးစွဲတာကလည်း အရေပြားခြောက်သွေ့မှုဖြစ်စေနိုင် ပြီး ၀က်ခြံပေါက်စေနိုင်တဲ့အတွက် အဆီပါဝင်မှုမရှိတဲ့ မျက်နှာသစ်ဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ်နဲ့ နေရောင်ကာလိမ်းဆေးတွေကို အသုံးပြုပါ။

♦  အဆီများတဲ့ ဆံပင်ထုတ်ကုန် (ဥပမာ အုန်းဆီ)တွေက အဆီတွေကလည်း အရေပြားပေါ် စုဆောင်းမှုဖြစ်စေပြီး ၀က်ခြံကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

#ဒေါက်တာခင်မိုးမိုး
(Good Health Journal 612)

Credit :Good_Health_Journal

ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဟင်းချက်နည်းများ


ကျွန်ုပ်တို့စားတဲ့အစားအစာတွေဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ကင်ဆာလိုမျိုး ဆိုးရွားတဲ့ ရောဂါဖြစ်နိုင်ခြေတွေတောင် အစားအစာကြောင့် လျှော့ချနိုင်ပါတယ်။ ဘာကို စားရမလဲဆိုတဲ့ တစ်မျိုးတည်း အရေး
ကြီးတာ မဟုတ်ပါဘူး။ အစားအစာတွေကို ချက်ပြုတ်နည်းကလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကြက်သွန်ဖြူကို အလုံးလိုက်ကိုက်စားတာထက် ထုထောင်းပြီး စားတာက ကင်ဆာကာကွယ်ဖို့အတွက် ပိုမို
ကောင်းမွန်နိုင်ပါတယ်။ အောက်ဖော်ပြပါတွေဟာ ကင်ဆာကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးချက်ပြုတ်နည်းတွေပါ။
..............................
အစိမ်းရောင် ပန်းဂေါ်ဖီ »»» ရေနွေးဖြင့် ပေါင်းစားပါ

အစိမ်းရောင်ပန်းဂေါ်ဖီလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အထူးသဖြင့် အစိမ်းရောင် ပန်းဂေါ်ဖီမှာ များစွာပါဝင်တဲ့ ဆာဖိုရက်ဖိန်း ဒြပ်ပေါင်းတွေဟာ ကင်ဆာကို
တွန်းလှန်နိုင်တဲ့ အရည်အချင်းအပြည့်အ၀ရှိတယ်လို့ ဓာတ်ခွဲခန်းစမ်းသပ်ချက်အရ တွေ့ရှိထားပါတယ်။ ဆာဖိုရက်ဖိန်းထုတ်ဖို့အတွက် လိုအပ်တဲ့၊ ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီမှာ ပါဝင်တဲ့  မိုင်ရိုဆီးနစ်အင်ဇိုင်းတွေဟာ အပူ
ရှိန်အပြင်းအထန်နဲ့ ထိတွေ့ရင် ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိလည်း ပျက်စီးသွားပါတယ်။ ဒီအသီးအရွက်တွေကို ရေနွေးငွေ့နဲ့ ငါးမိနစ်ခန့် ပေါင်းစားတာဟာ မိုင်ရိုဆီးနစ် အင်ဇိုင်းကို မပျက်ြ
ပယ်စေတဲ့ အကောင်းဆုံးသော နည်းလမ်းပါ။ ဘရိုကိုလီအညွန့်တွေမှာ မိုင်ရိုဆီးနစ်အင်ဇိုင်း အမြောက်အမြားပါဝင်တဲ့အတွက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဆာဖိုရက်ဖိန်းထုတ်လုပ်မှုလည်း ပိုမိုများပြားတတ်ပါတယ်။
..............................
ခရမ်းချဉ်သီး  »»»  ချက်စားပါ

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်းတွေဟာ ကင်ဆာအမျိုးအစား မျိုးစုံဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ခရမ်းချဉ်သီးကို မိနစ် အနည်းငယ်ကြာ ချက်ပြီးမှသာ စားသင့်တယ်လို့ အမေရိကန်က
င်ဆာသုတေသီဌာနက အကြံပေးထားပါတယ်။ ဟင်းချက်တာကြောင့် ထွက်ရှိလာတဲ့ လိုင်ကိုပင်းတွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်တာကြောင့်ပါလို့ ရှင်းပြပါတယ်။ ခရမ်းချဉ်သီးကို ချက်ရာမှာ သံလွင်ဆီ အနည်းငယ်ထည့်ရင် ခန္ဓာကိုယ်ရဲ့
လိုင်ကိုပင်းစုပ်ယူမှုအား ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
..............................
ကြက်သွန်ဖြူ »»» ကြိတ်ပြီးမှ ချက်ပါ

ကြက်သွန်ဖြူကို ဟင်းမချက်ခင်မှာ ကြိတ်တာ ဒါမှမဟုတ် ထောင်းတာတွေ လုပ်ပြီး ၁၀-၁၅ မိနစ်ခန့် စောင့်ပါ။ ကြက်သွန်ဖြူမှ ထွက်ရှိလာနိုင်တဲ့ အယ်လီစင်ဟာ ရောဂါမျိုးစုံကို တွန်းလှန်နိုင်ပါတယ်။ အယ်လီစင်ဟာ ကြက်သွန်ဖြူထဲမှာ
ရှိတဲ့ ဒြပ်ပေါင်း အယ်လီယန်နဲ့ အယ်လီယန်းနေ့စ်ဒြပ်ပေါင်းတို့ ဓာတ်ပြုပြီးမှ ထွက်ရှိလာပါတယ်။ ကြက်သွန်ဖြူ ဥအတိုင်း စားမယ်ဆိုရင် အယ်လီယန်နဲ့ အယ်လီယန်းနေ့စ်တို့ဟာ တကွဲတပြားစီ ရှိနေတတ်ပြီး ညက်ညက်ထောင်းတာ ဒါမှ
မဟုတ် ကြိတ်လိုက်တဲ့အခါမှာ အဲဒီဒြပ်ပေါင်းနှစ်ခု အတူပေါင်းစပ်သွားပြီး အယ်လီစင်ဒြပ်ပေါင်းထွက်ရှိလာနိုင်ပါတယ်။ ကြိတ်ပြီး ခဏစောင့်ခိုင်းရတာဟာ အပူရှိန်ကြောင့် အယ်လီယန်းနေ့စ်အင်ဇိုင်းတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။
..............................
အာလူး »»» ဟင်းမချက်ခင် ၁၅ မိနစ်ခန့် ရေစိမ်ထားပါ

အာလူးတွေကို တချို့ဟင်းချက်နည်းနဲ့ ချက်ရာမှာ အခရိုင်လစ်မိုက်ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ရှိလာတတ်ပါတယ်။ အခရိုင်လစ်မိုက်တွေ မြင့်မားနေရင် ကင်ဆာ ဖြစ်နိုင်ခြေ များတယ်လို့ လေ့လာမှုအများအပြားအရ တွေ့ရှိထားပါတ
ယ်။ ကြော်တာ၊ ဖုတ်တာ၊ မီးကင်တာလိုမျိုး အပူချိန်မြင့်မားစွာနဲ့ အချိန်အကြာကြီး ချက်ရတဲ့အခါ အခရိုင်လစ်မိုက်တွေ များစွာ ထွက်ရှိလာတတ်ပါတယ်။ ဒါ့အပြင် အာလူးကို ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်ပါဘူး။ ဟင်းချက်ရာမှာ
အခရိုင်လစ်မိုက်တွေ ပိုမိုထွက်ရှိလာနိုင်တာကြောင့်ပါ။ ဟင်းမချက်ခင် အာလူးကို ၁၀-၁၅ မိနစ်ခန့် ရေစိမ်ထားပါက အခရိုင်လစ်မိုက် ထွက်ရှိတဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။ ဒါ့အပြင် အခွံပါတဲ့ အာလူးကို ရေနဲ့ ချက်ပြုတ်ရင် အခရု
ိင်လစ်မိုက် မထွက်ရှိလာနိုင်ဘူးလို့ ဆိုပါတယ်။ အာလူးကြော်မှ စားချင်နေသူတွေအတွက် အာလူးကြော်ရင် ရွှေရောင်ပြောင်းတဲ့အထိသာ ကြော်ရပါမယ်။ အညိုရောင်ပြောင်းသွားရင် အခရိုင်လစ်မိုက်တွေ ပိုမိုပါဝင်နိုင်ပါတယ်။
..............................
ပေါင်မုန့် »»» မီးငွေ့ငွေ့နဲ့သာ ကင်ပါ

ပေါင်မုန့်ကို အပူချိန်ပြင်းစွာနဲ့ မီးကင်ရင် အခရိုင်လစ်မိုက်တွေ ထွက်ရှိလာနိုင်ပါတယ်။ ပေါင်မုန့်ကင်စားရာမှာ အညိုနုရောင်ပြောင်းတဲ့အထိပဲ ကင်ရပါမယ်။ အညိုရင့်ရောင်ဖြစ်သွားရင် မစားသင့်ပါဘူး။
..............................
အသား »»» မီးငွေ့ငွေ့ဖြင့် ချက်စားပါ

အသားတွေကို အပူရှိန်မြင့်မားစွာနဲ့ ချက်ပြုတ်ရင် DNA ပျက်စီးနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာပြီး ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ အသားတွေကို မီးသွေးနဲ့ မီးကင်ပြီး မစားသင့်ပါဘူး။ အကယ်၍ မီးကင်စားမယ်ဆိုရင် မီးမကင်ခင် အ
သားတွေကို Rosemary လိုမျိုး ဆေးဖက်ဝင် အရွက်တွေ၊ မဆလာတွေနဲ့ အရင်နှပ်ပြီးမှ ကင်ပါ။ Rosemary မှာပါဝင်တဲ့ Carnosol  ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းထွက်ရှိနှုန်း နည်းသွားနိုင်တာကြောင့်ပါ။ အသားတွေကို ဟိုဘ
က်ဒီဘက် မကြာခဏ လှည့်ပေးပါ။ တူးခြစ်တဲ့နေရာတွေကို ဖယ်ရှားသင့်ပါတယ်။
..............................
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ  »»» အခွံပါ စားပါ၊ ရေနွေးငွေ့ဖြင့် ပေါင်းစားပါ

သစ်သီးအခွံတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အခွံပါတဲ့ ပန်းသီးဟာ အခွံခွာထားတဲ့ ပန်းသီးထက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ဒြပ်ပေါင်း ကွာစီတင် ၇၅ ရာခိုင်နှုန်း ပိုမိုပါဝင်ပါ
တယ်။ ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာကြာ ချက်ပြုတ်ရင် ဗီတာမင် စီ၊ ဖောလိတ်အက်စစ်လိုမျိုး ရေမှာပျော်ဝင်တဲ့ ဗီတာမင်စီနဲ့ တချို့အပင်ဒြပ်ပေါင်းတွေ ပျက်စီးနိုင်ပါတယ်။ ဟင်းရွက်တွေ ချက်ပြုတ်ရာမှာ သံလွင်ဆီလိုမျိုး ကျန်း
မာရေးကောင်းစေတဲ့အဆီအနည်းငယ် ထည့်ချက်ရပါမယ်။ ဒီအဆီက ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် အေ အီးနဲ့ ကေ လိုမျိုး အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူမှု ကောင်းစေနိုင်တာကြောင့်ပါ။

#ဒေါက်တာခင်မိုးမိုး
Credit:Good Health Journal

Monday, May 29, 2017

ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တို့ကို သဘာဝအတိုင်း ဖယ်ရှားနိုင်သည့် နည်းလမ်း ၁၀

အဆိပ်အတောက်တွေက အစားအစာ၊ အရည်နဲ့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ အဆိပ်အတောက်တွေကို နေ့စဉ် ဖယ်ရှားပေးနိုင်တာက အသည်းရဲ့ လုပ်င

န်းဆောင်တာ ကောင်းမွန်ဖို့ အထောက်အပံ့ ရစေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်တွင်းမှ အဆိပ်အတောက်တွေ များနေတာက ရောဂါတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ အ

ဆိပ်အတောက်တွေကို ပုံမှန်ဖယ်ရှားနိုင်ဖို့ အလွန်လွယ်ကူ ရိုးရှင်းလွန်းလှတဲ့ နည်းလမ်း ၁၀ ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
xxx 

၁။ ရေများများသောက်ပါ

ရေဟာ ကိုယ်တွင်းအင်္ဂါအားလုံးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါလှပါတယ်။ ရေက ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဆီးနဲ့ မစင်ကနေတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ သင်ရဲ့ ၀မ်းလမ်းကြောင်းနဲ့ အစာခြေစနစ်က ကျန်းမာေ

နခဲ့ရင် သင်အိမ်သာသွားလိုက်တဲ့အခါတိုင်း ခန္ဓာကိုယ်တွင်း ဒုက္ခပေးနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။ နေ့စဉ် ရေ ၈-၁၀ ခွက် သောက်ပေးပါ။ ရာသီဥတုအခြေအနေနဲ့ သင်ရဲ့ တက်ကြွလှုပ်ရှားမှုပေါ်မှာ မူတည်ပြီး 

လိုအပ်ရင် ရေပိုမိုသောက်ရပါမယ်။  

► မနက်အိပ်ရာထခါစ ဘာအစာမှ မစားခင်မှာ (ဖြစ်နိုင်ရင် ကြေးအိုးနဲ့ သိုလှောင်ထားတဲ့) ရေတစ်ခွက်ကို သောက်ပေးတာက အစာခြေစနစ်  လုပ်ဆောင်ချက် ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေ ထွက်သွားဖို့ 

ကူညီနိုင်ပါတယ်။ 
.......................................................
၂။ အိပ်ရာထခါစမှာ ရှောက်ရည်တစ် ခွက်သောက်ပါ

ရှောက်သီးမှာပါဝင်တဲ့ စစ်ထရစ်အက်စစ်က အဆိပ်အတောက်ပြေစေဖို့ ကူညီနိုင်ပါတယ်။ ရှောက်သီးဟာ အစာအိမ်ထဲက အစာခြေရည်တွေနဲ့ ပုံစံချင်း တူညီနေတဲ့အတွက် အသည်းမှ သည်းခြေရည် ထုတ်လုပ်နိုင်ဖို့အတွက် ကူညီနိုင်ပါ

တယ်။ သည်းခြေရည်က အစာခြေစနစ်အတွင်း အစာတွေကို ရှောရှောရှူရှူ ရွေ့လျားဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ရှောက်သီးက ခန္ဓာကိုယ်ရဲ့ pH Level ကို အယ်လ်ကာလီဘက် ယိမ်းစေတဲ့အတွက် ရောဂါအတော်များများကို ခုခံနို

င်ပါတယ်။ 

► ရှောက်သီးတစ်ဝက်ကို ရေနွေး တစ်ဖန်ခွက်ထဲ ညှစ်ထည့်ပါ။ ကြိုက်နှစ်သက်ရင် ပျားရည်ထည့်နိုင်ပါတယ်။ မနက်အိပ်ရာထခါစ ဘာအစာမှ မစားရသေးခင် ရှောက်ရည်တစ်ခွက်သောက်ပြီး မိနစ် ၃၀ လောက်စောင့်ပြီးမှ မနက်စာ စား

ပါ။ 
.......................................................
၃။ သပွတ်အူဖြင့် ကြေးတွန်းပါ

အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ရှင်းထုတ်ပေးတဲ့ အဓိကကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။ ကြေးတွန်းတာက အရေပြားအတွင်း စုဆောင်းနေတဲ့ အဆိပ်တွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းပါ။ ကြေးတွန်

းလိုက်တာကြောင့် ချွေးဂလင်းတွေကို လှုံ့ဆော်မှု ရရှိသွားစေပြီး ချွေးမှတစ်ဆင့် ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပါတယ်။ 
.......................................................
► ရေချိုးခန်းထဲမှာ သပွတ်အူလိုမျိုး အမွေးနူးညံ့တဲ့ ပစ္စည်းတွေနဲ့ ရေမချိုးခင် ကြေးတွန်းပါ။ လက်တွေ ခြေထောက်တွေကနေ စတင်ပြီး ခန္ဓာကိုယ်အနှံ့ ၁၀-၂၀ မိနစ်ကြာတဲ့အထိ ရေမပါဘဲ ကြေးတွန်းပြီးမှ ရေနွေးနဲ့ ရေကြာကြာချိုးပေးပါ။ 

ပြီးရင် ရေအေးနဲ့ တစ်ဖန်ပြန်ချိုးပါ။ တစ်ပတ်ကို ၃-၅ ကြိမ်အထိ ပြုလုပ်ပေးရပါမယ်။ 
.......................................................
၎။ ဆီအသုံးပြုနည်း

ရှေးထုံးနည်းလမ်းအရ ဆီကို ခန္ဓာကိုယ်တွင်းအဆိပ်တွေ ဖယ်ရှားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ဆီက ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထွက် 

ရှိလာဖို့လည်း လှုံ့ဆော်နိုင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီနိုင်ပါတယ်။ 

► စားပွဲတစ်ဇွန်းစာ အုန်းဆီကို ပါးစပ်ထဲ ထည့်ပြီး ၁၅-၂၀ မိနစ်ကြာအောင် ငုံကာ ပါးစပ်လှုပ်ပါ။ ပြီးရင် ထွေးထုတ်ပြီး ပုံမှန်အတိုင်း သွားတိုက်ပါ။ မိနစ် ၃၀ စောင့်ပြီးမှ အစာစားရပါမယ်။ မနက်အိပ်ရာထ ဘာအစာမှ မစားရသေးခင် နေ့တု

ိင်း ပြုလုပ်ပေးပါ။ ဆီကို မျိုချတာမျိုး၊ အာလုတ်ကျင်းတာမျိုး မပြုလုပ်ရပါဘူး။
.......................................................
၅။ ဟင်းသီးဟင်းရွက်ဖျော်ရည်သောက်ပါ

ဟင်းနုနယ်၊ ကိုက်လန်၊ ပန်းသီး၊ လိမ္မော်သီး၊ ပန်းသစ်တော်၊ နာနတ်သီး၊ ထောပတ်သီးတွေကို ဖျော်ရည်လုပ်ပြီး သောက်ပေးပါ။ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေက အစာခြေစနစ်ကို လှုံ့ဆော်မှု ပေးပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်ေ

တွကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ 

► လက်တစ်ဆုပ်စာ ဟင်းနုနယ်ရွက်နဲ့ အနေတော် ပန်းသီးတစ်လုံးကို လှီးဖြတ်ပြီး ငှက်ပျောသီး တစ်ဝက်၊ သခွားသီး တစ်ဝက်နဲ့ ဒိန်ချဉ်တစ်ခွက်ရောစပ်ကာ ဖျော်စက်နဲ့ မွှေပြီး သောက်ပေးပါ။ 

၆ Green Tea လက်ဖက်ရည်ကြမ်း သောက်ပါ

ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တွေ ပြေဖို့အတွက် ကော်ဖီ သောက်မယ့်အစား Green Tea သောက်လိုက်ပါ။ Green Tea မှာ ပါဝင်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲက ဒုက္ခပေးတဲ့ အ ဆိပ်အေ

တာက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် Green Tea  မှာ ပါဝင်တဲ့ ပေါ်လီဖီနောခေါ်တဲ့ အာဟာရဓာတ်တွေက အဆီကို လောင်ကျွမ်းစေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ 

► တစ်နေ့ကို Green Tea နှစ်ခွက်မှ သုံးခွက်အထိ သောက်ပေးပါ။ 
.......................................................
၇။ လေ့ကျင့်ခန်းလုပ်ပါ

ချွေးထွက်တာက ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ချွေးဟာ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ဓာတ်ဆားတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ချွေးထွက်ဖို့အတွက် ပုံမှန်ေ

လ့ကျင့်ခန်း ပြုလုပ်ရပါမယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းပြုလုပ်တာက အဆုတ်ရဲ့ စွမ်းအားကောင်းမွန်လာပြီး အသက်ရှူထုတ်ရာမှတစ်ဆင့် အဆိပ်တွေကို ညှစ်ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ ခန္ဓာကု

ိယ်မှ အဆိပ်အတောက်ပမာဏများစွာက ချွေးမှတစ်ဆင့် စွန့်ထုတ်ပေးတယ်လို့ သိရပါတယ်။ 

► နေ့စဉ်နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
.......................................................
၈။ အဆိပ်ဖြစ်စေတဲ့ ပစ္စည်းတွေကို ရှောင်ပါ

လုံးဝရှောင်သင့်တာကတော့ အရက်နဲ့ ကော်ဖီပဲဖြစ်ပါတယ်။ ဆေးလိပ်ကိုလည်း ရှောင်ရပါမယ်။ ဒါ့အပြင် အဆင်သင့်စားလို့ရတဲ့အစားအစာ၊ ထုပ်ပိုးထုတ်ကုန်အစားအစာနဲ့ ဆီသွတ်ဘူးလို အစားအစာတွေ၊ ဂက်စ်ပါတဲ့ ဖျော်ရည်တွေကို 

လည်း ရှောင်ရပါမယ်။ အချိုမှုန့်နဲ့ ဆေးသကြားတွေကလည်း အာရုံကြောစနစ်နဲ့ ဦးနှောက်မှာ အဆိပ်အတောက်တွေ စုဆောင်းနေမှာမို့ ရှောင်သင့်ပါတယ်။ 

► စိတ်ဖိစီးမှုများတာကလည်း အဆိပ်အတောက်တွေကို စုဆောင်းမှုဖြစ်စေတာမို့ တတ်နိုင်သမျှ ဖိစီးမှုကို လျှော့ချပါ။ 
.......................................................
၉။ နေ့စဉ် လျှာခြစ်ပါ

လျှာခြစ်တာက လျှာထဲမှာရှိတဲ့ ဒုက္ခပေးနိုင်တဲ့ ပိုးမွှား၊ ဘက်တီးရီးယား၊ စားကြွင်းစားကျန်၊ မှိုပိုးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီအရာတွေက သင်အိပ်နေစဉ်အတွင်း လျှာရဲ့ မျက်နှာပြင်ပေါ်မှာ တစ်ညလုံး စုဆောင်းနေတတ် 

ပါတယ်။ လျှာဝါနေတာ ဒါမှမဟုတ် ဖြူနေတာက လျှာကို ပုံမှန်သွားတိုက်တာလောက်နဲ့ သေချာ သန့်စင်မှုမရှိတဲ့အခြေအနေပါ။ 

► သွားတိုက်သွားပွတ်တံနဲ့လည်းပဲ လျှာခြစ်ထုတ်နိုင်ပါတယ်။ မနက်အိပ်ရာထချိန်မှာ လျှာခြစ်ဖို့ အကောင်းဆုံး အချိန်ပါ။
.......................................................
၁၀။ အိပ်ရေးဝအောင်  အိပ်ပါ

သင် အိပ်နေစဉ်အတွင်း အသည်းက သူရဲ့ လုပ်ငန်းဆောင်တာတွေကို ပြုလုပ်နေတဲ့အတွက် ခန္ဓာကိုယ်က သူ့ဘာသာသူ အဆိပ်အတောက်တွေကို သန့်စင်ပေးလိုက်ပါတယ်။ ဦးနှောက်ကလည်း အိပ်နေစဉ်အတွင်းမှာ အဆိပ်အတောက် 

တွေကို ဖယ်ရှားတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ၆-၈ နာရီကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အပြီး နိုးထလာတဲ့အချိန်မှာ လန်းလန်းဆန်းဆန်းဖြစ်နေတာပါ။ 

► တစ်ညတာလောက် အိပ်ရေးပျက်ရုံနဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝအဆိပ်အတောက်ဖြေတဲ့လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်သွားတတ်တာကြောင့် ညဘက် အိပ်ရာဝင် နောက်ကျတာမျိုး ရှောင်ကြဉ်ပါ။ ဒါ့အပြင် မနက် အိပ်ရာ ထခါစမှာ 

ဆီးအောင့်ထားတာ ဒါမှမဟုတ် ၀မ်းအောင့်ထားတာမျိုး မလုပ်ရပါဘူး။ ခန္ဓာကိုယ်က အဆိပ်တွေကို ပြန်လည် စုပ်ယူသွားနိုင်တာကြောင့်ပါ။ 
.......................................................
Tips !

►  သင်က Special Detox Diet ကို မပြုလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အထူးသဖြင့် ကျန်းမာရေးအတွက် ဆေးဝါးတွေ မှီဝဲနေရရင်ပါ။ 
►  ကောက်နှံတစ်ခုလုံးပါဝင်တဲ့အစား အစာစားပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ရရှိနိုင်တဲ့အပြင် သူ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အင်ဇိုင်းတွေက ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီပေးနိုင် ပါတယ်။ 
►  ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို စားပေးပါ။ အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ 
►  တစ်ပတ်တစ်ကြိမ် ချွေးထုတ်ခန်း သွားပေးပါ။ သွေးလှည့်ပတ်မှု ကောင်းမွန် စေတဲ့အပြင် ချွေးမှတစ်ဆင့် အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ 
►  ခန္ဓာကိုယ်က အစာကို ချေဖျက်နိုင်တာက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အများကြီး ကူညီနိုင်ပါတယ်။ အစာချေဖျက်နိုင်စွမ်းကောင်းအောင် လူ့အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ ဒိန်ချဉ်လိုမျိုး အစားအစာတွေကို စားပေးပါ။ 
► ကိုယ်တွင်းအင်္ဂါတွေ အနားရဖို့အတွက် တစ်လကို တစ်ကြိမ် နှစ်ကြိမ် ဥပုသ်စောင့်ပါ။      

#ဒေါက်တာခင်မိုးမိုး
(Good Health Journal 616)

Credit :#Good_Health_Journal

Sunday, May 28, 2017

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက် အိမ်တွင်းကုထုံး


၁။  ခေါင်းကို အအေး(ရေခဲ)ကပ်ပါ

သင်ရဲ့ နဖူး၊ ငယ်ထိပ် ဒါမှမဟုတ် လည်ကုပ်နေရာကို ရေခဲကပ်ပေးတာက ခေါင်းကိုက်ဝေဒနာ သက်သာနိုင်ပါတယ်။ ဘာကြောင့် ခေါင်းကိုက်ပျောက်ရသလဲ ဆိုတာကို ကျွမ်းကျင်သူတွေက တိတိကျကျ မရှင်းပြနိုင်သေးပေမယ့် သွေးလှည့်ပတ်မှု လျော့နည်းတာကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂။  ဆေးဆိုင်ပေါ်မှာ ဆရာဝန်လက်မှတ်မပါဘဲ ၀ယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေး ၀ယ်သောက်ပါ

ပါရာစီတမောနဲ့ အက်စပရင်လိုမျိုး အကိုက်အခဲပျောက်ပြီး ရောင်ရမ်းမှုလျော့စေတဲ့ ဆေးဝါးတွေကို သောက်တာက ခေါင်းကိုက်တာ သက်သာသွားနိုင်ပါတယ်။ အက်စပရင်ဆေးဝါးကို အစာစားပြီးမှသာ သောက်သုံးသင့်ပါတယ်။

၃။  ကဖင်း အသုံးပြုပါ

ကော်ဖီနဲ့ တခြားဖျော်ရည်တွေမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကဖင်းဟာ ခေါင်းကိုက်ပျောက်ဆေးတွေကို ခန္ဓာကိုယ်မှ စုပ်ယူမှုလည်း မြန်ဆန်စေနိုင်ပါတယ်။

၎။  မှောင်ပြီး ဆိတ်ငြိမ်တဲ့အခန်းမှာ နေပါ

တောက်ပတဲ့ အလင်းရောင်နဲ့ ကျယ်လောင်သံတွေက ခေါင်းကိုက်ဝေဒနာကို ပိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါမှာ ခန်းဆီးနဲ့ အလင်းရောင်ကို ကာလိုက်တာမျိုး၊ ဆူညံသံကင်းတဲ့နေရာမှာ နေတာမျိုးတွေက ရောဂါကို အမြန်သက်သာနိုင်ပါတယ်။

၅။  လေ့ကျင့်ခန်းလုပ်ပါ

ခေါင်းတစ်ခြမ်းကိုက်နေစဉ်မှာတော့ လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ခေါင်းမကိုက်တဲ့အချိန်တွေမှာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာက ခေါင်းမကိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခန္ဓာကိုယ်က နာကျင်မှုဝေဒနာကို တွန်းလှန်နိုင်တဲ့ အန်ဒိုဖင်တွေ ထွက်ရှိလာတဲ့အပြင် စိတ်ဖိစီးမှုလည်း လျော့နည်းနိုင်ပြီး အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။

၆။  မဂ္ဂနီဆီယမ် မှီဝဲပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ အခွံမာသီးတွေမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကို သောက်ဆေးအဖြစ် မှီဝဲလို့ ရပါတယ်။ ခေါင်းကိုက်နေစဉ်အတွင်းမှာတော့ မဂ္ဂနီဆီယမ် မှီဝဲရင် ဝေဒနာ သက်သာနိုင်မှာ မဟုတ်ပါဘူး။

 ၇။  အိပ်ရေးဝအောင် အိပ်ပါ

အိပ်ရေး၀၀အိပ်တာက ခေါင်းတစ်ခြမ်းကိုက်တဲ့အကြိမ်ရေ လျော့နည်းသွားနိုင်ပါတယ်။ အိပ်ချိန်များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာက ခေါင်းကိုက်အောင် လှုံ့ဆော်နိုင်ပါတယ်။ ညစဉ် အိပ်ချိန်ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီ ရအောင် အိပ်ပြီး အိပ်ချိန်နဲ့ ထချိန်ဟာ နေ့စဉ်နေ့တိုင်း တူညီမှုရှိနေရပါမယ်။

၈။  ယောဂကျင့်စဉ်ပြုလုပ်ပါ

နှလုံးခုန်စေတဲ့ လေ့ကျင့်ခန်းတွေက ခေါင်းတစ်ခြမ်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ပေမယ့် တချို့လူတွေမှာတော့ ခေါင်းကိုက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။  ဖြည်းဖြည်းချင်းရွေ့လျားမှုပြုလုပ်တဲ့ ယောဂကျင့်စဉ်ကတော့ ခေါင်းကိုက်တဲ့အကြိမ်အ ရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။

၉။ ဗီတာမင် ဘီ ၂ မှီဝဲပါ

နွားနို့၊ ဒိန်ခဲ၊ ငါးနဲ့ ကြက်သားမှာ ပါဝင်တဲ့ ရိုင်ဗိုဖလေဘင်ခေါ်တဲ့ ဘီ ၂ ဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဆေးဝါးအနေနဲ့လည်း မှီဝဲနိုင်ပါတယ်။

၁၀။ ခေါင်းကိုက်အောင် လှုံ့ဆော်နိုင်တဲ့ အချက်တွေကို ရှောင်ပါ

သင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်တာက တစ်ခါတစ်ရံမှာ သင်စားတဲ့ အစားအစာကြောင့် ဖြစ်တတ်သလို တစ်ခါတစ်ရံမှာလည်း သင့်ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို သတိထားကြည့်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို ရှောင်ပါ။ အနီရောင်ဝိုင်၊ ဒိန်ခဲ၊ တောက်ပတဲ့ အလင်းရောင်၊ အနံ့ပြင်းပြင်းတွေနဲ့ တောင်ပေါ်ဒေသမှာနေထိုင်တာက ခေါင်းတစ်ခြမ်းကိုက်ဖြစ်အောင် လှုံ့ဆော်နိုင်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။

#ဒေါက်တာခင်မိုးမိုး
(Good Health Journal 617)

Credit#Good_Health_Journal

နှလုံးရောဂါ သံသယဖြစ်နိုင်သည့် လက္ခဏာများ


အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမ၀တာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်လို့ သံသယ ရှိနိုင်ပါတယ်။ အဲဒီလို ရိုးရှင်းတဲ့လက္ခဏာတွေ မပြဘဲနဲ့လည်း ခန္ဓာကိုယ်အတွင်း အောက်ဖော်ပြပါလက္ခဏာတွေဖြစ်ပေါ်နေရင် နှလုံးရောဂါအတွက် သံသယဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။
.....................................................
အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း

အိပ်ရင် ဟောက်တတ်တဲ့အတွက် အသက်ရှူရပ်သွားတဲ့အခါမှာ ဦးနှောက်ကနေ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထဲကို သွေးရောက်ရှိဖို့အတွက် နှလုံးနဲ့သွေးကြောတွေကို အလုပ်ပိုလုပ်ဖို့ အချက်ပေးလိုက်တာကြောင့် သွေးဖိအားမြင့်တက်လာတာ၊ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ မြင့်မားလာပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။
.....................................................
လိမ္မော်ဝါရောင် အဖုအပိမ့်များ ထွက်ခြင်း

ခန္ဓာကိုယ်ထဲမှာ ထရိုင်ဂလစ်စရိုက်တွေ အလွန်များပြားနေခဲ့ရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးပတ်ဝန်းကျင်က အရေပြားပေါ်မှာ လိမ္မော်ဝါရောင် အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ သွေးကြောအတွင်းမှာ ဒီအဆီတွေ အများအပြားရှိနေတာကြောင့် သွေးကြောတွေ မာကျောလာပြီး ဒီလိမ္မော်ဝါရောင် အဖုအပိမ့်တွေ အများအပြားရှိနေတာ  ဖြစ်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။
.....................................................
ဆုပ်ကိုင်နိုင်အား လျော့နည်းခြင်း

သင့်လက်ရဲ့ ဆုပ်ကိုင်အားက သင့်နှလုံးသန်မာမှု ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ပစ္စည်းတွေကို ကောင်းကောင်းညှစ်နိုင်တာက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
.....................................................
လက်သည်းအောက်တွင် အမည်းရောင်အစက်အပြောက်ပေါ်ခြင်း

သင့်လက်သည်းတွေ မတော်တဆ ထိခိုက်မိတာမရှိဘဲ လက်သည်းအောက်မှာ သွေးခြည်ဥသလို အမည်းရောင်အစက်ပေါ်နေတာက နှလုံး ဒါမှမဟုတ် နှလုံးအဆို့ရှင်မှာ ရောဂါပိုးဝင်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာပြသူတွေက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ နှစ်ဆကနေ လေးဆအထိ ပိုများပါတယ်။
.....................................................
ခေါင်းမူးခြင်း

ခေါင်းမူးနေတာက နှလုံးချို့ယွင်းနေတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် ရောက်ရှိအောင် နှလုံးက ပို့မပေးနိုင်တာကြောင့်ပါ။ ခေါင်းမူးတာက နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သားအားနည်းတာကြောင့် နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက်လည်း ခေါင်းမူးနိုင်ပါတယ်။
.....................................................
လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်း

အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်တာက သွေးဖိအားမြင့်တက်တာ ဒါမှမဟုတ် ကိုလက်စထရောတွေ များနေတဲ့အတွက် သွေးကြောကျဉ်းတာနဲ့ ဆက်စပ်နေတဲ့ သွေးလှည့်ပတ်မှု ပြဿနာကြောင့်ပါ။ အမျိုးသမီးတွေမှာလည်း သွေးလှည့်ပတ်မှုပြဿနာကြောင့် လိင်စိတ်ခံစားမှု ကင်းမဲ့နေတတ်ပါတယ်။
.....................................................
အသားအရေအရောင်ပြောင်းလဲခြင်း

လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အပြာရောင် ဒါမှမဟုတ် အညိုရောင်ဖြစ်နေတာက မွေးရာပါ နှလုံးချို့ယွင်းတာ၊ သွေးကြောကျဉ်းတာ ဒါမှမဟုတ် သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်ပါ။ အသားအရေမှာ သွေးခြည်ဥသလို ဖြစ်နေတာက သွေးကြောထဲမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောဖတ်တွေက ပြိုကွဲသွားပြီး အရေပြားအောက်ကို ရောက်ရှိသွားတာကြောင့်ပါ။ များသောအားဖြင့် လက်ဖ၀ါးနဲ့ ခြေဖ၀ါးနေရာတွေမှာ အဖြစ်များပါတယ်။
.....................................................
သွားဖုံးသွေးယိုခြင်း

သွားဖုံးရောဂါနဲ့ နှလုံးရောဂါက ဆက်စပ်မှုရှိပါတယ်။ သွားဖုံးမှ ဘက်တီးရီးယားပိုးတွေက သွေးကြောကတစ်ဆင့် နှလုံးထဲရောက်သွားပြီး နှလုံးရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
.....................................................
အရေပြားပေါ်တွင် ပုံမှန်ထက် အရောင်ရင့်သော အကွက်များထွက်ခြင်း

လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလိုမျိုး အသားအရေတွန့်ခေါက်တဲ့နေရာတွေမှာ ပုံမှန်ထက် အရောင်ရင့်ပြီး ထူထပ်လာတဲ့အသားအရေဖြစ်ပေါ်လာတာက အင်ဆူလင်ဟော်မုန်းကို အသုံးပြုရာမှာ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဆီးချိုရောဂါဖြစ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါကာကွယ်ဖို့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
.....................................................
ခြေထောက်ဖောရောင်ခြင်း

အချိန်အကြာကြီးမတ်တတ်ရပ်ရသူ ဒါမှမဟုတ် ထိုင်နေရသူတွေမှာ ခြေထောက် ဖောရောင်တတ်ပြီး များသောအားဖြင့် ကိုယ်ဝန်ဆောင်သူတွေမှာ အဖြစ်များပါတယ်။  နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း အရည်တွေ စုဆောင်းမှုဖြစ်ကာ ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တရက် ခြေထောက်ဖောရောင်လာခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
.....................................................
အသက်ရှူရခက်ခဲခြင်း

အသက်ရှူမ၀တာက နှလုံးအလုပ်မလုပ်နိုင်တာ၊ နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာ ဒါမှမဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက်္ခဏာဖြစ်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် လဲလျောင်းနေစဉ် အသက်ရှူမ၀တာ ဒါမှမဟုတ် အရင်က သင် လွယ်လွယ်ကူကူလုပ်နေကျအလုပ်တွေ လုပ်အပြီး အသက်ရှူရခက်ခဲနေရင်ပါ။
.....................................................
မောပန်းခြင်း

နှလုံးအလုပ်မလုပ်နိုင်တာကြောင့် မောပန်းတတ်တာက ခန္ဓာကိုယ်အတွက် သွေး လိုအပ်သလောက် အတိုင်းအတရောက်အောင် ပို့ဖို့ နှလုံးကြွက်သားတွေက မညှစ်နိုင်တာကြောင့်ပါ။ ချောင်းဆိုးတာနဲ့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာ ရှိ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်။ မောပန်းတာက ကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ ဒါမှမဟုတ် စိတ်ကျဝေဒနာလိုမျိုး ရောဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့်ပါ။

#ဒေါက်တာခင်မိုးမိုး
Good Health Journal 619

Credit:#Good_Health_Journal

စိတ်ဖိစီးမှုကို ချက်ချင်းရပ်တန့်နိုင်မည့် နည်းလမ်းများ


စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာက သင့်ကျန်းမာရေးအပေါ် အများကြီး ကွာခြားသွားနိုင်ပါတယ်။ သွေးဖိအား လျှော့ချဖို့နဲ့ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့အပြင် တခြားကျန်းမာရေးပြဿနာတွေအပေါ်မှာလည်း သက်သာစေနိုင်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ အောက်ပါတို့ဟာ စိတ်ဖိစီးမှုကို ချက်ချင်း ရပ်တန့်နိုင်ပြီး အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေပါ။

#ပီကေ၀ါးပါ

လေ့လာမှုတွေအရ ပီကေ၀ါးတာက စိုးရိမ်းစိတ်လျော့နည်းစေနိုင်ပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ စည်းချက်ကျကျ ၀ါးရတဲ့အတွက် ဦးနှောက်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်တာကြောင့်လို့ တချို့ သိပ္ပံပညာရှင်တွေ က ယုံကြည်ကြသလို တချို့သူတွေကလည်း ပီကေရဲ့ အနံ့နဲ့ အရသာက စိတ်ကျွိုနူထေ ရရှိစေတယ်လို့ ထင်မှတ်ကြပါတယ်။

#အိမ်ပြင်ထွက်ပါ

အိမ်ထဲမှာ နေတာထက်စာရင် အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာ ဒါမှမဟုတ် ပန်းပင်ရေလောင်းတာလိုမျိုးတွေ ပြုလုပ်လိုက်တာနဲ့တင် စိတ်ခံစားမှုကို ကောင်းမွန်လာစေနိုင်ပါတယ်။

#ပြုံးပါ

စိတ်ညစ်နေလည်း ပြုံးလိုက်ပါ။ ပြုံးလိုက်တဲ့အတွက် မျက်နှာနဲ့ ပါးစပ်တစ်ဝိုက်မှာ ရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုအပေါ် တုံ့ပြန်အား လျော့နည်းသွားနိုင်ပါတယ်။ ပြုံးတာကြောင့် စိတ်ဖိစီးမှုများတဲ့အခြေအနေတွေမှာ ဖြစ်ပေါ်တတ်တဲ့ နှလုံးခုန်နှုန်း မြန်ဆန်တာလည်း လျော့ကျသွားနိုင်ပါတယ်။

#လာဗင်ဒါအနံ့ရှူပါ

လာဗင်ဒါအနံ့ဟာ တချို့ အကိုက်အခဲပျောက်ဆေးတွေနဲ့ စိုးရိမ်စိတ်လျော့ကျဆေးတွေလိုမျိုး အကျိုးသက်ရောက်မှု ရှိပါတယ်။ လာဗင်ဒါရနံ့ပါတဲ့ ရေမွှေးဆွတ်တာ ဒါမှမဟုတ် ဘော်ဒီလိုးရှင်းလိမ်းတာမျိုးတွေ ပြုလုပ်ပေးပါ။

#သီချင်းနားထောင်ပါ

သီချင်းတွေက သင့်ကို စိတ်အေးချမ်းမှု ရရှိစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ငြိမ့်ညောင်းတဲ့တေးဂီတတွေကို နားထောင်သူတွေက စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောတွေ လျော့ကျသွားတာကို တွေ့ရှိခဲ့ပါတယ်။

#အသက်ရှူမှုအပေါ်မှာအာရုံစိုက်ပါ

လူတွေက များသောအားဖြင့် အသက်ရှူနေမှန်းတောင် သတိမထားမိကြပါဘူး။ အသက်ရှူတဲ့အပေါ်မှာ အာရုံစိုက်သူတွေက ကြောက်ရွံ့တာတွေ ဒါမှမဟုတ် စိုးရိမ်စိတ်များတာတွေကို တွန်းလှန်နိုင်တဲ့အပြင် မကောင်းမြင်စိတ်တွေလည်း လျော့ကျသွားနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ထိုင်ပြီး နှာခေါင်းမှတစ်ဆင့် တဖြည်းဖြည်း အသက်ရှူသွင်းပါ။ အသက်ရှူသွင်းလိုက်တဲ့ အခါမှာ ၀မ်းဗိုက်ဖောင်းကားကာ နံရိုးတွေ မြင့်တက်လာတဲ့အထိ ဖြည်းဖြည်းချင်း ရှူသွင်းပြီးမှ ပါးစပ်မှတစ်ဆင့် ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ အနည်းဆုံး ၁၀ မိနစ်လောက် ပြုလုပ်ရပါမယ်။

#ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ

အကောင်းမြင်စိတ်တွေမွေးပြီး မိမိဘာသာမိမိ တစ်ယောက်တည်း “ငါ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်မှာပါ” ဒါမှမဟုတ်လည်း ”အားလုံး အဆင်ပြေမှာပါ”လို့ အားပေးလိုက်တာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

#စာရေးပါ

သင့်တွေးတောထားတာလေးတွေကို ချရေးလိုက်တာက စိတ်ခံစားမှုအတွက် ထွက်ပေါက်တစ်ခု ရရှိနိုင်ပါတယ်။ ပြီးမှ သင် note လုပ်ထားတာလေးထဲကနေ တစ်ခုချင်းစီ ပြုလုပ်သွားတာက စိတ်ဖိစီးမှုလျော့ကျသွားတဲ့အပြင် အလုပ်လည်း ပြီးစီးနိုင်ပါတယ်။

#သူငယ်ချင်းကိုဝေမျှပါ

သင့်မှာ စိတ်ညစ်စရာ အကြောင်းတွေ ရှိနေရင် သင်ရဲ့အခင်ဆုံးသူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ရင်ဖွင့်လိုက်ပါ။ အဲဒီတော့မှ သူတို့မှာလည်း ရင်ဖွင့်စရာအကြောင်းတွေ ရှိနေကြောင်း သင် သိရှိသွားပြီး သင်တစ်ယောက်တည်း အဆင်မပြေစရာရှိတာ မဟုတ်ဘူးဆိုတာ သိသွားပြီး သင် စိတ်ပေါ့သွားပါလိမ့်မယ်။

#လေ့ကျင့်ခန်းလုပ်ပါ

ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်လိုက်တာက ဦးနှောက်ရှင်းသွားပြီး စိတ်ခံစားမှု ကောင်းစေနိုင်တဲ့အတွက် သင် စိတ်ဖိစီးမှုနဲ့ ကြုံလာတိုင်း လမ်းကြာကြာ လျှောက်တာ ဒါမှမဟုတ် အားကစားခန်းမမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်လိုက်ပါ။

#ဒေါက်တာခင်မိုးမိုး
Good Health Journal 619

Credit : Good_Health_Journal

အသက် ၅၀ နောက်ပိုင်း ရုတ်တရက် ဖြစ်ပေါ်တတ်သည့် ကျန်းမာရေးပြဿနာများ

အသက် ၅၀ ကျော်လာတဲ့နောက်ပိုင်းမှာ တချို့ကျန်းမာရေးပြဿနာတွေက ရုတ်တရက်ဖြစ်ပေါ်လာတတ်ပါတယ်။ သင် အသက်ငယ်စဉ်အခါက နာကျင်တာ၊ ကိုက်ခဲ တာလိုမျိုးအတွက် ဘာမှ စိုးရိမ်စရာမရှိပေမယ့် သက်လတ်ပိုင်းအ
ရွယ်မှာ ဒီဝေဒနာ တွေ ခံစားခဲ့ရရင် ကြီးကြီးမားမားပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ အောက်ပါတို့ဟာ အသက် ၅၀ ကျော်ရင် ဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတွေပါ။

#နှလုံးတိုက်ခိုက်ခံရခြင်း

နှစ်စဉ်နှစ်တိုင်း လူပေါင်း ၇၃၅၀၀၀ ခန့်က နှလုံးတိုက်ခိုက်ခံရတဲ့ဝေဒနာတွေကို ခံစားနေရပါတယ်။ အသက် ၅၀ ကျော် အမျိုးသားတစ်ယောက်အနေနဲ့ တစ်ချိန်ချိန်မှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ ရင်ဘတ်အောင့်တာ၊
အသက် ရှူမ၀တာ၊ နောက်ကျော ဒါမှမဟုတ် ပခုံး ဒါမှမဟုတ် လည်ကုတ်မှာ နာကျင်နေတာက နှလုံး တိုက်ခိုက်ခံရတဲ့ လက္ခဏာတွေပါ။ ချွေးထွက်များတာ ခေါင်းမူးတာလိုမျိုး ဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။ သင်က ကျန်းမာ
ရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် ရှိရင်၊ ဆေးလိပ်မသောက်ရင်နဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ရင် ရောဂါဖြစ်နိုင်ခြေ လျော့ကျ သွားနိုင်ပါတယ်။ 

#လေဖြတ်ခြင်း 

သွေးတွေက ဦးနှောက်ထဲကို မရောက်ရင် ဦးနှောက်ဆဲလ်တွေက သေဆုံးသွား တတ်ပါတယ်။ သင်က ရုတ်တရက် အားနည်းသွားတာ ဒါမှမဟုတ် မျက်နှာ လက် မောင်းနဲ့ ခြေထောက်တွေမှာ ထုံနေတာ၊ ကိုယ်ဟန်ချက် မထိန်းနိုင်တာ၊ 

စကား ပြောရ ခက်ခဲနေတာတွေ ဖြစ်နေရင် လေဖြတ်နိုင်တဲ့ လက္ခဏာမို့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။ သင်ရဲ့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တာ၊ ကိုလက်စထရောပါဝင်မှု နည်းတဲ့အစားအစာ စားတာ၊ စိတ်ဖိစီးမှုကို လျှော့ချနု

ိင်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ဖြတ်တာတွေကြောင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ 

#သွေးကြောဖောင်းကားခြင်း(Aneurysm)

သွေးကြောနံရံတွေက အားနည်းသွားပြီး အပြင်ကို ဖောင်းကားလာတဲ့အခါမှာ Aneurysm ဖြစ်ပေါ်လာပါတယ်။ အဲဒီသွေးကြောက ပေါက်ထွက်သွားရင် လေဖြတ်တာ ဒါမှမဟုတ် ကိုယ်တွင်းမှာ သွေးယိုစီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ေ

ရာဂါလက်္ခဏာ တွေကတော့ နာကျင်ကိုက်ခဲတာ၊ ပျို့တာ၊ ခေါင်းမူးတာ၊ ခြေဖျားလက်ဖျားအေးစက်နေ တာနဲ့ နှလုံးခုန်နှုန်းမြန်တာတွေ ဖြစ်ပါတယ်။ 

#သည်းခြေကျောက်တည်ခြင်း

ခန္ဓာကိုယ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ကူညီနိုင်တဲ့ သည်းခြေရည်က အခဲတုံးတွေဖြစ်သွားတဲ့အခါမှာ သည်းခြေကျောက်ဖြစ်လာပါတယ်။ သူက အသည်းရဲ့ အောက်ဘက်မှာရှိတဲ့ သည်းခြေအိတ်ထဲမှာ ရှိနေပါတယ်။ သဲမှုန့်အ

ရွယ်ကနေစပြီး ဂေါက်သီးအရွယ်အထိ ရှိနိုင်ပြီး သည်းခြေကျောက်ကြောင့် ၀မ်းဗိုက်အပေါ်ပိုင်းမှာ အလွန်အမင်း နာကျင်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ အ၀လွန်သူ၊ ဆီးချိုရောဂါရှိသူ၊ လေ့ကျင့်ခန်းမလုပ်သူတွေမှာ ရောဂါဖြစ်နိုင်ခြေ ပို

များပါတယ်။ 

#မုန့်ချိုအိတ်ရောင်ရမ်းခြင်း

အင်ဇိုင်းနဲ့ အင်ဆူလင်လိုမျိုး ဟော်မုန်းထုတ်လုပ်ပေးတဲ့ မုန့်ချိုအိတ်က ရောင်ရမ်းတာပါ။ အလွန်အမင်း ၀မ်းဗိုက်နာကျင်တာ၊ ပျို့တာအန်တာနဲ့ အဖျားရှိတဲ့ လက္ခဏာတွေပြတတ်ပြီး သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒါကြောင့် 

ဒီလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ အရက်အလွန်အကျွံ သောက်သူ၊ သွေးတွင်း ကယ်လ်စီယမ်ပမာဏမြင့်မားသူ ဒါမှမဟုတ် ထရိုင်ဂလစ်စရိုက် အဆီများသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ 

#အရိုးကျိုးခြင်း

အရိုးကျိုးတာက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာ အရိုးတွေက ကြွပ်ဆတ်လာတဲ့အတွက် ပိုပြီး ကျိုးနိုင်ခြေ များလာပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ အရိုးပါးသွားတာကြောင့် အရိုးကျိုး

လွယ်လာပါ တယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ မှီဝဲတာက အရိုးပါးနိုင်ခြေကို နှေးကွေးသွားနိုင်ပြီး တချို့ဆေးဝါးတွေကြောင့်လည်း အရိုးသန်မာနိုင်ပါတယ်။ 

#မြင်လွှာကွာကျခြင်း

မြင်လွှာဆိုတာက မျက်လုံးအတွင်းက အလင်းရောင်ကို Sensetive ဖြစ်တဲ့ အလွှာ ဖြစ်ပြီး သင် မြင်သမျှ ဦးနှောက်ကို သတင်းပေးပို့ပါတယ်။ မြင်လွှာက မျက်လုံးအပြင်နံရံ ကနေ ကွာကျသွားတဲ့အခါ  အောက်ဆီဂျင်လုံလုံလောက်လောက် 

မရရှိတော့တဲ့အ တွက် အရာဝတ်္ထုတွေ ပေါလောမျောနေတာ ဒါမှမဟုတ် ဖျတ်ခနဲ ဖျတ်ခနဲ အလင်းရောင် တွေ မြင်တွေ့ရပြီး အမြင်အာရုံဆုံးရှုးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အနီး မှုန်ပါဝါများသူ ဒါမှမဟုတ် အတွင်းတိမ်ကို ခွဲစိတ်ကုသမှု 

ခံယူထားသူနဲ့ မျက်စိရောဂါ ရှိသူတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ 

#ချာချာလည်မူးဝေခြင်း

ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းချုပ်ပေးတဲ့ အတွင်းနားထဲက သေးငယ်တဲ့ ခရစ္စတယ်တွေ ရွေ့လျားသွားတဲ့အခါမှာ ချာချာလည် မူးဝေတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ 

#ကျောက်ကပ်ကျောက်တည်ခြင်း

ကျောက်ကပ်အတွင်း ကယ်လ်စီယမ်တွေ စုစည်းပြီး ကျောက်အခဲတုံးလေးတွေ ဖြစ်နေတာပါ။ ခန္ဓာကိုယ်ကို ဘာဒုက္ခမှ မပေးဘဲ သူ့အလိုလို ထွက်သွားနိုင်သလို အ ရွယ်ကြီးတဲ့ ကျောက်တွေကြောင့် အလွန်အမင်းနာကျင်တာ၊ ဆီးလမ်းေ

ကြာင်းအတွင်း သွေးထွက်တာ ဒါမှမဟုတ် ပိုးဝင်တာ ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိတ်ဆို့တာတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုမိုဖြစ်ပွားတတ်ပါတယ်။  နေ့စဉ်နေ့တိုင်း ရေများများသောက်တာကြောင့် 

ကျောက်ကပ်ကျောက်မတည်အောင် ကာကွယ်နိုင်ပါတယ်။ 

#နမိုးနီယားအဆုတ်ရောင်ရောဂါဖြစ်ခြင်း

အသက် ၅၀ ကျော်လာရင် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နမိုးနီးယားရောဂါလို့ ခေါ်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ခုခံအားစနစ်တွေ ကျ

ဆင်းသွားတဲ့အ တွက် ဖြစ်နိုင်ခြေ ပိုများရတာပါ။ ကာကွယ်ဆေးရှိပြီး အသက် ၆၅ နှစ်ကျော်သူတိုင်း ထိုးထားသင့်ပါတယ်။ 

#အာရုံကြောမပြွန်ကျဉ်းမြောင်းခြင်း

ခါးနောက်ကျောရိုးမအတွင်း အာရုံကြောမသွားရာပြွန်လမ်းကြောင်းက အရိုးအဆစ်ရောင်ရောဂါကြောင့် အသက်ကြီးလာတဲ့အခါမှာ ကျဉ်းမြောင်းသွားတတ်ပါတယ်။ ပြွန်ကျဉ်းသွားတဲ့အတွက် အာရုံကြောကို ညှစ်ထားမိတာကြောင့် နာ

ကျင်တာ၊ ထုံတာ၊ ခါးအောက်နောက်ပိုင်း ဒါမှမဟုတ် လည်ပင်းအောက်နောက်ပိုင်းမှာ ကြွက်တက်တာလို မျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဆေးဝါးမှီဝဲတာ ဒါမှမဟုတ် ကာယကုထုံးနဲ့ ကုသ တာ၊ တချို့လူနာတွေကို ခွဲစိတ်ကုသမှု 

ခံယူတာတွေ ပြုလုပ်ရပါတယ်။ 

#ဂေါက်အဆစ်ရောင်ခြင်း

အဆစ်တစ်ခု (များသောအားဖြင့် ခြေမ) မှာ ရုတ်တရက် နာကျင်ပြီး ရောင် ရမ်းနေတာက ဂေါက်အဆစ်ရောင်ရောဂါကြောင့်ပါ။ ခန္ဓာကိုယ်အတွင်း ယူရစ်အက်စစ် စုဆောင်းမှုများလာတဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ သွေးတိုးရောဂါအ

တွက် ဆေးဝါး ကုသမှုခံယူထားသူ၊ အနီရောင်အသားနဲ့ အခွံမာ ပင်လယ်စာစားသုံးသူ၊ တစ်နေ့ကို အရက် နှစ်ခွက် ပိုသောက်သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ 

#အဆုတ်သွေးကြောအတွင်းလေခိုခြင်း (Pulmonary Embolism)

အဆုတ်တစ်ဖက်ရဲ့ သွေးကြောတစ်ခုအတွင်းမှာ သွေးခဲတုံးပိတ်ဆို့နေတဲ့ အခြေအနေပါ။ အသက် ၅၀ ကျော်သူတွေမှာ အဖြစ်များပြီး ဆိုးရွားတဲ့အခြေအနေမို့ အမြန် ဆုံး ကုသမှု ခံယူရပါမယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ရင်ဘတ်ေ

အာင့်တာ၊ ရုတ်တ ရက် အသက်ရှူမ၀တာနဲ့ ခေါင်းမူးတာတွေ ပြတတ်ပါတယ်။ ချောင်းဆိုးရင်း သွေးပါ တာ၊ ခြေထောက်နာတာ၊ အသားအေးစက်ပြီး ပြာနှမ်းသွားတာတွေ ဖြစ်နိုင်ပါတယ်။  သွေးခဲတုံးက ခြေထောက်နေရာကနေ အမြဲ 

စတင်တာမို့ ခြေသလုံးတစ်ဖက်မှာ နာကျင်တာ ဒါမှမဟုတ် ရောင်ရမ်းတာတွေက Pulmonary Embolism ရဲ့ အစော ဆုံး လက္ခဏာပါ။ နှလုံးရောဂါရှိသူ ဒါမှမဟုတ် မကြာခင်ကမှ ခွဲစိတ်ကုသမှု ခံယူထား ရသူ ဒါမှမဟုတ် လေယာဉ်ပျံ၊ 

ကား ကို အချိန်အကြာကြီး စီးရသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ 

#ဒေါက်တာခင်မိုးမိုး
Good Health Journal 621

Credit:#Good_Health_Journal